Wednesday, February 1, 2012

We Are Flying To Be Free အခမ်းအနားတွင် ကိုမင်းကိုနိုင် ပြောကြားခဲ့သော အမှာစကား

ဒီနေ့ ဒီလိုပွဲမျိုးကို ယောင်လို့တောင် မမက်ခဲ့ဖူးပါဘူး။ ကျွန်တော့်အရှေ့က နောင်တော်အစ်မတော်တွေဟာ ဟိုး ၁၉၆၂ ဇူလိုင် ၇ အရေးတော်ပုံကတည်းက စပြီး ကျောင်း သားအရေးတော်ပုံတွေ စခဲ့တာ။ ဒီမိုကရေစီအရေးတိုက် ပွဲတွေ ဝင်ခဲ့တာ ရခဲ့သမျှတွေဟာ ဆုလာဒ်တွေ မရှိခဲ့ပါ ဘူး။ နံပါတ်တုတ်တွေ မျက်ရည်ယိုဗုံးတွေ၊ သံဆူးကြိုး တွေ၊ လက်ထိပ်တွေ၊ ခြေထိပ်တွေ၊ ခြေကျင်းတွေ ပြီး တော့ အုတ်နံရံလေးဘက်ကြားကို ရောက်ရတယ်။ စစ် ကြောရေး စခန်းတွေထဲမှာ လူစဉ်မမီအောင် ဘဝပေးခဲ့ ရတာတွေ အများကြီးပါ။ ကျွန်တော်တို့ရှေ့က အစ်ကို တော် အစ်မတော်တွေ ပေးဆပ်ခဲ့ရတဲ့အပေါ် ကျွန်တော် တို့ လိုက်ပါခဲ့ရတာပါ။

ဒီနေ့ ဒီအချိန်မီးရောင်စုံတွေနဲ့ ပြိုးပျက်နေတဲ့ အပြုံးတွေကြားထဲမှာ ပြန်ဆုံကြတယ်ဆို ပေမယ့် တကယ်ဆိုရင် ကြည်နူးဖို့ ကောင်းတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ အပြည့်အဝ မကြည်နူးနိုင်ဘူး။ ခုပဲ ကျွန်တော့်ကို ထောင်ထဲမှာ တစ်ယောက်တည်းကျန် ခဲ့တဲ့ ရဲဘော်တွေဆီက သတင်းစကားတွေ၊ စာတိုလေး တွေ ကျွန်တော့်ဆီ ရောက်လာတယ်။ စင်ရဲ့ နောက်မှာ ပဲ ကျွန်တော်ဖတ်ရတော့ ဆို့ဆို့နင့်နင့် ခံစားရပါတယ်။ အို ကံတရားက သူတို့ကိုမှ ရွေးပြီးတော့ ရက်ရက်စက် စက် နှိပ်ကွက်လေရော့သလား တွေးမိပါတယ်။ အများ ကြီး ပြန်လာကြတဲ့အထဲမှာ ဘာလို့ သူတို့ ကျန်နေခဲ့တာ လဲ။ တစ်ခုခုတော့ မှားနေပြီ။ လူတွေရဲ့ ဘဝ၊ လူတွေ ရဲ့ အသက်ကို အဲသလို အလောင်းအထပ်တွေ လုပ်တာ မျိုးတွေ၊ သံသယတွေ ထပ်ပြီး မခံစားနိုင်တော့ပါ။ လူတွေရဲ့ ဘဝတွေ မိခင်တွေရဲ့ မျက်ရည်တွေကို ပေး ဆပ်ပြီးတော့မှ အပေးအယူလုပ်ရတဲ့ စနစ်ဆိုးကြီးတွေ အမြစ်မကျန်အောင် ကျွန်တော်တို့ လက်ကျန်ဘဝတွေ ကို ဆက်ပြီး လိုအပ်ရင် ပေးဖို့ အသင့်ပါပဲလို့ ကြုံတုန်း ကတိပြုပါတယ်။ ကျွန်တော် ဘာမှ ပြင်ဆင်မထားရ ဘူး။ ဒီလိုပွဲမျိုးဟာ အပြည့်အဝ လွတ်လွတ်လပ်လပ် ခံစားလို့ ကောင်းတယ်ဆိုပေမယ့် ကျွန်တော်တို့ စိတ်ထဲ မှာ လိပ်ပြာမလုံဘူးဗျာ။ အမှန်အတိုင်းပြောရရင် ကျွန် တော်ဆိုရင် သရက်ထောင်ထဲမှာ တစ်ယောက်တည်းကျန် ခဲ့တဲ့ ကိုသန်းဇော်ရဲ့ မျက်နှာကို စေ့စေ့မကြည့်ဘဲနဲ့ ကျွန် တော်ကျောခိုင်းပြီး ထွက်ခဲ့ရတာ။ တစ်ယောက်တည်း ကျန်ခဲ့တဲ့သူတွေ အများကြီးရှိတယ်။ သူတို့အတွက် ကျွန်တော်တို့ စိတ်ဓာတ်ခွန်အားတွေ ပေးရပါမယ်။ အဲ ဒီအတွက် ကျွန်တော်စဉ်းစားတယ်။ ဟောဒီအားလုံးက သူတို့ ကြားသွားအောင် စကားတစ်ခွန်းလောက်များ အတူတကွ ပြောပေးနိုင်ကြမလားလို့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသမားများ၊ အမြန်ဆုံး လွတ်မြောက်ပါ စေ ဆိုတာလောက်ပါပဲ။ ထောင်နံရံတွေ ပဲ့တင်ထပ်သွား အောင် ကျွန်တော်တို့ အော်နိုင်ပါတယ်။

စဉ်းစားထားတာ ညီအစ်ကိုတွေ ပြန်ဆုံချိန်တစ်နေ့နေ့မှာတော့ ဒေါ်လာ တွေကို ရောင်စုံပုသိမ်ထီးကလေးလုပ်ပြီး မြိုင်မြိုင်ဆိုင် ဆိုင် ခါးပတ်တွေကြားမှာ ဧရာဝတီဆိုတဲ့ အသံ ဦးရွှေ ရိုးကနိုင်ပါစေဆိုပြီး ကျွန်တော်က ကဗျာဆန်ဆန်တွေး လာခဲ့ပေမဲ့ ညီအစ်ကိုတွေ ပြန်မဆုံနိုင်သေးဘူး။ ဘာဖြစ် လို့လဲ ကျွန်တော်တို့ရဲ့ လျှာတွေကပဲ ခါးလို့လား စနစ် ဆိုးရဲ့ အသီးကပဲ ခါးနေသလား၊ ကျွန်တော်စဉ်းစား တယ်။ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ လျှာတွေ ခါးလို့ မဟုတ်ဘူး။ စနစ်ဆိုးကိုက ခါးနေလို့ပါ။ ခေတ် သစ်စနစ်သစ်တစ်ခုရဲ့ ချိုမြိန်တဲ့ အရသာကို ကျွန်တော် တို့လည်း ငတ်ငတ်မွတ်မွတ်ကြီး သုံးဆောင်ချင်လှပါပြီ။ နောက်လာမယ့် မျိုးဆက်တွေအတွက်ပါ ကျွန်တော်တို့ အပင်စိုက်သူတွေလို စိုက်ခဲ့တဲ့ အပင်ဟာ ၂၃ နှစ်အကြာ မှာ တစ်စုံတရာသော အတိုင်းအတာ ရောက်ခဲ့ပါပြီ။ သီးချိန်တန်ပါပြီ။ ပွင့်ချိန်တန်ပါပြီ။ အဲဒီ အသီးအပွင့် တွေကို ဆက်ပြီးခံစားဖို့အတွက် ထိန်းသိမ်းဖို့ တာဝန်ရှိ ပါတယ်။ စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ အသီးအ ပွင့်တွေကို ဝိုင်းပြီး ကာကွယ်ကြမယ်မဟုတ်လား။ (ခဏ သူတို့ ဘာဖြစ်ချင်လဲ မေးလိုက်ဦးမယ်) ကျွန်တော်အသံ ကောင်းတဲ့ သူလည်းမဟုတ်လို့ ထောင်ထဲမှာကျတော့ နောက်ဆုံးရေးခဲ့တဲ့ သီချင်းရှိပါတယ်။ ကျွန်တော်ကိုယ် တိုင်က ရေးသားပြီးတော့ ကျွန်တော်နဲ့ အတူနေခဲ့တဲ့ ကိုရဲခေါင်ထွဋ်က သံစဉ်ကို တာဝန်ယူထားပါတယ်။ အဲဒီသီချင်းကိုပဲ ကျွန်တော့် ညီ၊ ညီမတွေက ဝိုင်းပြီး ဆိုမယ်ဆိုရင် ပိုပြီး ကျက်သရေ မင်္ဂလာ ရှိမယ်။ ပြီးတော့ ခမ်းနားမယ် မြင်ပါတယ်။ သဘောတူပါလား။ (တူပါတယ်ဟုသံပြိုင်
အသံနှင့်လက်ခုပ်သံများ) The Messenger

0 comments: