Monday, February 27, 2012

ရှင်သန်ခြင်း ပဋိပက္ခ

မနက်ခင်း
ကြယ်နူးဖွယ် အတောတစနဲ့
အားတင်းနိုးထ
ညနေ
မျောက်မင်း အူသံရှည်နဲ့
ရှင်သန်ခြင်း ဝေဒနာ ကမ္ဘေကမ္ဘာ။

နိုးထခြင်းနဲ့အတူ
မြူတွေဆိုင်း
လောဘ ဒေါသ မောဟစည်းဝိုင်း
ပွေ့ဖက်ဝိုင်းက
ရှင်သန်ခြင်း အသိတစ
အပ်နဖားဝ။

သက်ပြင်းများ
မှုတ်ထုတ်ကြ
ခြေလှမ်းရှေ့မှ အရိပ်များ
ဖြတ်သွား ဖိနင်း
သဘာဝရဲ့ ကြည်နူးခြင်း
သုတိသာယာ ပန်းတခင်း
ငန်းတို့ပျော်ရာ နတ်ရေတွင်း
အလျဉ်းမကြည့်ကြ
ပြူတင်း မလှစ်မဟ
ငါ့ဘို့ ငါဘို့ ငါဘို့
ရှေ့သို့ တိုးသွားကြ။

ရသ သဘာဝ
ရုပ်ပစ္စည်း ပမာဏနဲ့
ဘ၀အတွင်း
ရှင်သန်ခြင်း ပဋိပက္ခ
ညှိလို့မရ။

ယောဟန်အောင်
ဧပြီ ၁၄၊ ၁၉၈၆။

0 comments: