Monday, February 20, 2012

မြန်မာအစိုးရတပ် စစ်ရေးပြင်ဆင်မှုများ အရှိန်မြှင့်၍လုပ်ဆောင်လာနေ

ဖေဖေါ်ဝါရီ(၂၀) ၂၀၁၂ ခုနှစ်

ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ ဌာနချုပ်အား သိမ်းပိုက်နိုင်ရန် ရည်ရွယ်၍ မြန်မာအစိုးရတပ်များ ယခုရက်ပိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများ နှင့် လိုင်ဇာမြို့ အနီးသို့  စစ်အင်အားအလုံးအရင်း တိတ်တဆိတ်ပို့ ဆောင်နေမှုများကို အရှိန်မြှင့်ကာ တိုး၍ လုပ်ဆောင်လာနေကြောင်း သိရှိရသည်။

ထို့ အပြင် ဌာနချုပ် လိုင်ဇာမြို့ အနီးရှိ လဂျားယန်ကျေးရွာတွင် စခန်းထိုင်ထားသော မြန်မာစစ်တပ်များသည်လည်း ကတုတ်ကျင်းများ ထပ်မံတူးဖော်ခြင်းပြုပြင်ခြင်း နှင့် စစ်ရေးပြင်ဆင်မှုများကို တိုး၍လုပ်ဆောင်လာနေကြောင်း မျက်မြင်တွေ့ ရှိသူများက ပြောသည်။ မြန်မာစစ်တပ်ဘက်မှ ယခုကဲ့သို့ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာနေသောကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှလည်း ၂၄ နာရီ စစ်ရေးသတိ အသင့်အနေအထားဖြင့် စောင့်ကြည့်နေကြောင်း သိရသည်။ Source ( Jinghpaw Kasa)

0 comments: