Monday, February 20, 2012

ကချင်ဒေသတွင် တိုက်ပွဲများဆက်တိုက်ပြန်လည်ဖြစ်ပွား

ဖေဖေါ်ဝါရီ (၂၀) ၂၀၁၂ ခုနှစ်

ကချင်ပြည်နယ် မြစ်ကြီးနား -ဗန်းမော် လမ်းပိုင်း ဒေါ့ဖုန်းယန်မြို့ နယ်ခွဲအတွင်းရှိ ပန်ဆိုင်းကျေးရွာအနီးတွင် ဖေဖေါ်ဝါရီ(၁၉)ရက် မနက်ပိုင်းက ကေအိုင်အေ တပ်ဖွဲ့ ဝင်များနှင့် မြန်မာအစိုးရတပ် ခလရ(၁၄၂)တပ်ဖွဲ့ တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ တိုက်ပွဲတွင် မြန်မာအစိုးရတပ်ဘက်မှ (၁၄)ဦးခန့် ကျဆုံးကြောင်းထပ်မံသိရသည် ။

အလားတူ ဖေဖေါ်ဝါရီ(၁၉)ရက် မနေ့ က ကေအိုင်အေ တပ်မဟာ(၅)နယ်မြေ မုန်လိုင်းချောင်း အထက်ဘက်ရှိ ရှမ်းတိုင်းရင်းသား အများစုနေထိုင်ရာ တင်းဂျမ်န်ကျေးရွာ( Tingjang ) အနီးတွင် ကေအိုင်အေ တပ်မဟာ(၅)လက်အောက်ခံ မျိုးချစ်တပ်ဖွဲ့ ဝင်များ နှင့် အဆိုပါကျေးရွာအနီးတွင် တပ်စွဲထားသော မြန်မာအစိုးရတပ်ဖွဲ့ တို့  တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ တိုက်ပွဲတွင်း နှစ်ဖက်ထိခိုက်မှုများအား မသိရသေးပါ ။ Source ( Jinghpaw Kasa)

0 comments: