Saturday, February 4, 2012

ကေအိုင်အေ တပ်မဟာ(၂) (၃) နယ်မြေတို့ တွင် တိုက်ပွဲဖြစ်ပွား

ဖေဖော်ဝါရီ (၄) ၂၀၁၂ ခုနှစ်

ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တပ်မဟာ(၃)နယ်မြေ ကောင်းဂျာကျေးရွာ(Kawng Ja )အနီးတွင် ဖေဖေါ်ဝါရီ(၃)ရက် မနေ့ က အဆိုပါဒေသတွင် စစ်ရေးလှုပ်ရှားနေသော မြန်မာအစိုးရတပ် တပ်မ(၉၉)လက်အောက်ခံတပ်ဖွဲ့ များနှင့် ကေအိုင်အေ တပ်ရင်း(၁၂)တပ်ဖွဲ့ ဝင် တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

အလားတူ ဖေဖေါ်ဝါရီ(၃)ရက် တစ်ရက်ထဲတွင် ကေအိုင်အေ တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၅)နယ်မြေ အင်လုံရှလခ( N lung Shala Hka) ဒေသတွင် မြန်မာအစိုးရတပ် ခလရ(၁၄၁)တပ်ဖွဲ့ နှင့် ကေအိုင်အေ တပ်ရင်း(၅)တပ်ဖွဲ့ ဝင် တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ တိုက်ပွဲတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများအား မသိရှိရသေးပါ။
Source ( Kachinnet)

0 comments: