Friday, February 3, 2012

ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ(၄)နယ်မြေတွင် တိုက်ပွဲဆက်ဖြစ်

ဖေဖေါ်ဝါရီ (၃) ၂၀၁၂

ဖေဖေါ်ဝါရီ(၂)ရက် မနေ့ က နေ့ လည်(၁)နာရီ ပါတ်ဝန်းကျင် အချိန်ခန့်  ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း(၁၇)နယ်မြေ တွင် မြန်မာအစိုးရ စစ်တပ် ခမရ(၃၂၃)တပ်ဖွဲ့  နှင့် ကေအိုင်အေ တပ်ရင်း(၁၇)တပ်ဖွဲ့ ဝင်များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။ နှစ်ဖက်ထိခိုက်ကျဆုံးမှုအားမသိရသေးပါ။

ယခုအခါ အဆိုပါ ကေအိုင်အေ တပ်မဟာ(၄)နယ်မြေ နေရာအနှံ့  မြန်မာအစိုးရ တပ်များဖြစ်သော တပ်မ(၉၉)လက်အောက်ခံတပ်ဖွဲ့ များ နှင့် စခက(၁၆) တပ်ဖွဲ့ များ အဆိုပါဒေသမှ ဖြတ်သန်းသွားမည့် တရုပ် ရွှေဂက်စ် ပိုက်လိုင်း စီမံကိန်း စတင်နိုင်ရန်အတွက် စစ်ကြောင်း လှုပ်ရှားမှုများ ပိုမိုပြုလုပ်လာနေကြောင်း သိရှိရသည်။


Source ( Kachinnet)

0 comments: