Monday, January 9, 2012

့မြန်မာအစိုးရ စစ်အင်အားတိုးချဲ့၊ KIA နယ်မြေများတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွား

ဇန်န၀ါရီလ ၉ ရက် ၂၀၁၂

ကချင်ပြည်နယ် မြစ်ကြီးနား - ဗန်းမော် လမ်းပိုင်း ဒေါ့ဖုန်းယန်ဒေသ ဟန်ကိုင်းဘွမ်( HangKai Bum)သို့ ဇန်န၀ါရီ (၉)ရက် ယနေ့ မနက်စောစော( ၃း၃၀)နာရီ အချိန်ခန့် က စစ်သားအပြည့်နှင့် လက်နက်ခဲယမ်းရိက္ခာများ တင်ဆောင်ထားသော စစ်ကားကြီး အစီး (၂၀) ရောက်ရှိလာကြောင်း သတင်းရရှိသည်။ လက်နက်ကြီးများပါ တင်ဆောင်လာကြောင်း ထပ်မံသိရသည်။ ယခုအခါ မြန်မာအစိုးရ စစ်တပ်များမှ ကေအိုင်အေ အစိုးရ နယ်မြေများသို့ ထိုးစစ်ဆင်တိုက်ခိုက်မှု အရှိန် ပိုမိုတိုးမြှင့် လုပ်ဆောင်လာနေကြောင်း သိရသည်။

ရှမ်းပြည်အခြေစိုက် ကေအိုင်အေ တပ်မဟာ(၄)နယ်မြေ ခိုင်အော်,ဂလာမန်ဒပ်( Hkai-aw Gala Mandat) ဒေသတွင် ဇန်န၀ါရီ(၈)ရက် ညနေပိုင်း ( ၂း၀၀)နာရီခန့် အချိန်တွင် ကေအိုင်အေ တပ်ရင်း(၈)တပ်ဖွဲ့ ဝင်များနှင့် ကွတ်ခိုင် ဗျုဟာလက်အောက်ခံ မြန်မာစစ်တပ် တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

အလားတူ ဇန်န၀ါရီ (၈)ရက် ကေအိုင်အေ တပ်မဟာ(၃)နယ်မြေ တွင် ကေအိုင်အေ တပ်ရင်း (၁၆)တပ်ဖွဲ့ ဝင်များနှင့် မြန်မာအစိုးရ တပ်မ(၈၈)လက်အောက်ခံတပ်ဖွဲ့ တို့ မနက်အစောပိုင်း (၃း၀၀am )နာရီ ခန့် မှ မွန်းလွဲ (၁း၃၀pm )နာရီ အချိန်ထိတိုင်အောင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။

ထို့ အတူ ဇန်န၀ါရီ(၇)ရက်နေ့ က ရှမ်းပြည်အခြေစိုက် ကေအိုင်အေ တပ်မဟာ(၄)နယ်မြေ နမ်ဆွမ်ကျေးရွာ (Nam Sung) အောက်ဘက် နမ်လီပါ ( Nam Li Pa ) တွင် ကေအိုင်အေ တပ်ရင်း(၈)မျိုးချစ် တပ်ဖွဲ့ ဝင်များနှင့် ကွတ်ခိုင်အခြေစိုက်ဗျုဟာ လက်အောက်ခံတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

Source (Kachinnet)

0 comments: