Friday, January 6, 2012

KIA ပစ်ခတ်မှုကြောင့် စစ်တပ်ရဟတ်ယာဉ်တစင်းပျက်ကျ၊ မြန်မာစစ်တပ် အင်အားထပ်မံတိုးချဲ့ နေ

ဇန်န၀ါရီ ၆ ရက် ၂၀၁၂

ဗန်းမော်မှတဆင့် ကေအိုင်အေ တပ်မဟာ(၃) နယ်မြေဘက်သို့ ပျံသန်းဝင်ရောက်လာသော စစ်ဘက်သုံး ရုရှားလုပ် ရဟတ်ယာဉ်တစ်စီးအား ဇန်န၀ါရီ (၄)ရက်နေ့ က ကေအိုင်အေ တပ်ဖွဲ့ ဝင်များမှ ပစ်ခတ်ခဲ့ရာ ထိမှန်သွားပြီး ပျက်ကျသွားကြောင်း သိရသည်။ အဆိုပါ ပျက်ကျ ပျက်စီးသွားသော ရဟတ်ယာဉ်အား ဗန်းမော်-လွယ်ဂျယ် လမ်းပိုင်း စိန်လုံကျေးရွာ အောက်ဘက်ရှိ လယ်ကွင်းပြင်ထဲတွင် ဇန်န၀ါရီ (၅)ရက် မနေ့က ပြန်လည် ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

မြစ်ကြီးနား ဖားကန့်လမ်းပိုင်း နန့်ယားကျေုးရွာ နှင့် ပျားအုံကျေုးရွာကြား တို့တွင် ကေအိုင်အေ တပ်မဟာ(၂) လက်အောက်ခံ တပ်ဖွဲ့များနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေရာ နှစ်ရက်ခန့် ကြာမြင့်နေပြီဖြစ်သည်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ယခုအခါ ကေအိုင်အေ တပ်ဖွဲ့ဝင်များမှ နန့်ယားကျေးရွာတွင် ၀င်ရောက်နေရာယူ တပ်စွဲထားပြီ ဖြစ်ကြောင်းသိရသည်။

မြစ်ကြီးနား-ဗန်းမော် ကားလမ်းပိုင်းမှ တက်လာသော မြန်မာစစ်တပ် ယာဉ်တန်းတစ်ခုအား ဇန်န၀ါရီ (၅)ရက်နေ့ က ဂျာပူကျေးရွာ အနီးတွင် ကေအိုင်အေ တပ်ဖွဲ့ ဝင်များမှ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကားနှစ်စီး ပေါက်ကွဲပျက်စီးသွားပြီး သေဆုံးဒဏ်ရာရသူ များပြားကြောင်းသိရသည်။

ဗန်းမော်ခရိုင် ကေအိုင်အေ တပ်မဟာ (၅)လက်အောက်ခံ တပ်ရင်း (၁၉)(၂၅) တပ်ဖွဲ့ များ လှုပ်ရှားရာ နယ်မြေ ဒေါ့ဖုန်းယန်ကျေုးရွာ ဘက်သို့ မြန်မာအစိုးရ စစ်အင်အား (၆၀၀)ခန့် ထပ်မံရောက်ရှိလာကြောင်းသိရသည်။ ဇန်န၀ါရီ (၅)ရက်နေ့က ဒေါ့ဖုန်းယန်ကျေးရွာ အောက်ဘက် နွမ်လန်(Num Lang)ဘက်မှ စစ်တပ်အင်အား (၃၀၀)ခန့် တက်လာပြီး ရှဒန်ပါ (Shadan Pa)ဘက်မှ အင်အား( ၃၀၀) ခန့် တက်လာကြောင်း သိရသည်။

Source ( Jinghpaw Kasa )

0 comments: