ဆုံဆည်းရာ၊ ဇန်န၀ါရီ ၃ ရက် ၂၀၁၂
ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တပ်မဟာ(၃)နယ်မြေ လဂါတ်ဘွမ် ( Lagat Bum ) နှင့် ခရိန်မူးဒန် (Hkring MuDan )ဒေသတို့တွင် မြန်မာစစ်တပ် ခလရ (၇၇) ခလရ(၈၃) ခမရ ( ၆၀၁) တပ်ရင်းတပ်ဖွဲ့များ နှင့် ကေအိုင်အေ တပ်ရင်း(၁၆) (၂၁) များမှ တပ်ဖွဲ့ဝင်တို့ ဇန်န၀ါရီ (၂)ရက်နေ့ မနက်ပိုင်း (၈း၀၀)နာရီ ခန့်မှ ညနေ(၃း၀၀)နာရီအချိန်ခန့်ထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်မှ (၁၀၅)မမ (၁၂၀)မမ လက်နက်ကြီးများ အသုံးပြုကာ တိုက်ခိုက်နေကြောင်း သိရှိရသည်။ နှစ်ဖက်ထိခိုက်ကျဆုံးမှုအား မသိရသေးပါ။
ဇန်န၀ါရီ (၃)ရက် ယနေ့ မနက်စောစောပိုင်း က ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မှ နမ့်ခမ်းမြို့ ဘက်သို့ မြန်မာအစိုးရ စစ်ကား (၂၅)စီး ပါဝင်သော စစ်ယာဉ်တန်းထွက်ခွာသွားကြောင်း ဒေသခံမျက်မြင်တွေ့ ရှိသူများမှ ပြောကြားသည်။ စစ်ယာဉ်တန်းတွင် စစ်သားများအပါအ၀င် မြင်း ၊ လားများ လက်နက် ရိက္ခာများအပြည့် တင်ဆောင်ထားကြောင်းသိရသည်။ (ကိုးကား kachinnet)
Tuesday, January 3, 2012
ကေအိုင်အေ တပ်မဟာ(၃)နယ်မြေတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွား
Posted by ကိုဈာန် at 11:04 AM
Labels: သတင်းဓါတ်ပုံ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment