Tuesday, January 3, 2012

ရန်ကုန်တိုင်း ဒေသကြီးတွင် အကျဉ်းသား ၈၀၄ ဦး နှင့် မ ၁၃၀ ဦး လွှတ်မည်

ဆုံဆည်းရာ၊ ၃ ရက် ဇန်န၀ါရီလ ၂၀၁၂

ရန်ကုန်တိုင်းဒေသကြီးအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား ၈၀၄ ဦး နှင့် မ ၁၃၀ ဦး ပါဝင်ဟု အကျဉ်းဦးစီးဌာန၏တာဝန်ရှိသူတစ်ဦးမှ သိရသည်။ အင်းစိန်အကျဉ်းထောင်ရှေ့ တွင် လွတ်ငြိမ်းချမ်းသာခွင့်အတွက် လာရောက်စောင့်ဆိုင်းသူအ ယောက်(၂၀၀)ခန့်ရှိပြီဖြစ်သည်။

ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၅၀ ဦးနှင့် အကျဉ်းသူ ၅၀ ဦး အပြင် သီးသန့် အကျဉ်းသား ၃ ဦး ကို စတင်လွှတ်ပေးနေကြောင်း သိရပါတယ်။ ပထမဆုံးအသုတ်အနေဖြင့် လွတ်ပေးခဲ့သော အကျဉ်းသားများထဲတွင် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ သုံးဦပါဝင်(၁) စောဆေးကလယ် ပုဒ်မ ၁၇/၁ ၊ ဂျေသန့် ပုဒ်မ ၅/ည၊ သန်းနိုင်ဦး (ခ) အစစ် ပုဒ်မ ၁၇/၁ လွတ်ပေးကြောင်း သိရပါတယ်။

သာယာဝတီအကျဉ်းထောင်တွင် အကျဉ်းသား ၈၉ ယောက် လွှတ်ပေးမှာဖြစ်ကြောင်း သိရှိရပြီး နိုင်ငံရေးအကျဉ်းသားတစ်ဦးမျှမပါဝင်ကြောင်း သိရပါတယ်။

ကိုးကား မက်ဆင်ဂျာ ဖေ့ဘုတ်စာမျက်နှာ

0 comments: