Wednesday, January 4, 2012

အန္တိမ ... လွတ်မြောက်ရေး

ကမာပုလဲ

သံမဏိ အကျဉ်းအိမ်ထဲ
အိပ်မက်တွေ အတူတူ မက်ခဲ့ကြတဲ့အခါ
တောင်ပံခတ်သံတွေ ... ငါကြားတယ်။

လွတ်မြောက်မှုဟာ
ရန်သူရဲ့
အပေါစား ကရုဏာသက်မှုကို ငြင်းတယ်
တည်ကြည် ခိုင်မြဲစွာ ခုခံတယ်
တိုက်ပွဲကို ယုံကြည်တယ် ...။

တကယ်တော့
အညံ့ခံတယ်ဆိုတာ လွယ်လွယ်လေး
အကြောင်းပြချက်တွေ များများပေးနေဖို့ မလို
သူရဲကောင်းတယောက်လို
ဟန်ဆောင်လိုက်လို့ ရသေးတယ် ...

တခုပဲ
ကိုယ့်ကိုယ်ကိုယ် လိမ်လို့မရတဲ့ အဖြစ်။

လျှို့ဝှက် သိပ်သည်းစွာ ခမ်းနားခြင်း
ဒဏ်ရာ အနာတရာတွေနဲ့ ချစ်သူ့တောင်ပံများ
မလွတ်မြောက်မှုမှ လွတ်မြောက်မှုဆီသို့
တိုက်ပွဲဝင် ပျံသန်းနေဆဲကို ...။ ။

(ဗမာပြည် စစ်အကျဉ်းထောင် အသီးသီးရှိ နိုင်ငံရေး အကျဉ်းသားများသို့ ...)

ကမာပုလဲ
လွတ်လပ်ရေးနေ့
၂၀၁၂။

0 comments: