Sunday, January 8, 2012

ဖားကန့်လမ်းပိုင်း တိုက်ပွဲများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်

ဇန်န၀ါရီ (၈)ရက် ၂၀၁၂ ခုနှစ်

ဖားကန့်ဒေသ လမ်းပိုင်းသို့ မြန်မာအစိုးရ စစ်တပ်များ အင်အား အလုံးအရင်း ထပ်မံ ဖြည့်တင်းနေသည့်အပြင် နေ့စဉ်ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ် ကြောက်လန့်ကာ ဒေသခံများ ဘေးလွတ်ရာသို့  ထွက်ပြေးတိမ်းရှောင် နေကြရပါသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေရာ ဖားကန့်ကားလမ်းပိုင်း နန့်ယားကျေးရွာ နှင့် လုံးခင်ကျေးရွာ ကြားရှိ ပျားအုံ ၊ ကျောက်ဖျာ ၊ ၅ မိုင်ကုန်း စသည့် ကျေးရွာများမှ ရွာသူရွာသားများသည် ယခုအခါ လုံးခင်းကျေးရွာ ပါတ်ဝန်းကျင်ရှိ ဘုရားရှိခိုးကျောင်းများတွင် ၀င်ရောက်တိမ်းရှောင် ခိုလှုံလျက်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ နေရပ်စွန့် ထွက်ပြေးတိမ်းရှောင်ခိုလှုံလျက်ရှိရာတွင်-

(၁) မော်စီဇာ အသင်းတော် ဘုရားရှိခိုးကျောင်းတွင် ခိုလှုံရောက်ရှိနေသူပေါင်း ( ၁၂၈)ယောက်
(၂) မော်စီဇာ ဘုန်းကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေသူပေါင်း အယောက် ( ၃၀၁) ဦး
(၃) လုံးခင်းအသင်းတော် ဘုရားကျောင်းတွင် ရောက်ရှိခိုလှုံနေသူ ( ၂၈၁)ဦး
(၄) ရှအစ်ယန်ကျေးရွာတွင် ရောက်ရှိခိုလှုံနေသူပေါင်း (၁၇၀)ဦး

လက်ရှိ အားလုံးစုစုပေါင်း အယောက်(၈၈၀)ဦး ခန့် ရှိနေပြီဖြစ်ပြီး နေ့ စဉ်ထပ်မံထွက်ပြေးတိမ်းရှောင်သူများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။ တိုက်ပွဲများကြောင့် ကချင်စစ်ပြေးဒုက္ခသည် စုစုပေါင်း ၅သောင်းကျော် အိုးအိမ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Source (Jinghpaw Kasa)၊ Photo: RANIR, Jade's Facebook

0 comments: