Sunday, January 8, 2012

ကေအိုင်အေ တပ်မဟာ(၂) (၃)နယ်မြေများတွင် တိုက်ပွဲဆက်တိုက်ဖြစ်ပွား

ဇန်န၀ါရီ (၈) ရက်၊ ၂၀၁၂

ဇန်န၀ါရီ(ရ)ရက် ညနေပိုင်း ( ၃း၄၅)နာရီ အချိန်ခန့်  ကေအိုင်အေ တပ်မဟာ (၃)နယ်မြေ နာရူဘွမ် ( Na Ru Bum ) ကလယ်ခက် ( Kale Hkyet ) ဒေသ ဘက်သို့ စစ်ကြောင်းထိုးချီတက်လာသော မြန်မာအစိုးရတပ် တပ်မ (၈၈) လက်အောက်ခံတပ်ဖွဲ့ ဝင်များ နှင့် ကေအိုင်အေ တပ်ရင်း (၁၆)တပ်ဖွဲ့ ဝင် တို့  မရူကျေုးရွာ နှင့် ခယားကျေးရွာ ကြားတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်မှ (၄)ဦးကျဆုံးကြောင်းသိရသည်။

ကေအိုင်အေ တပ်မဟာ (၂)နယ်မြေ မိုးကောင်း (၈)မိုင်ဒေသ နှင့် က၀ါးယန်( Kawa Yang) ကြား ရောက်ရှိနေသော မြန်မာစစ်တပ် နှင့် ကေအိုင်အေ တပ်ရင်း (၁၁)တပ်ဖွဲ့ ဝင်တို့  ဇန်န၀ါရီ (၇)ရက် မနေ့ က ညနေ (၃း၀၀)နာရီခန့် တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဇန်န၀ါရီ(၆)ရက် မွန်းတည့် (၁၂း၀၀)နာရီအချိန် ခန့် က ကေအိုင်အေ တပ်မဟာ(၃)နယ်မြေ ဘန်ယောင် (Bang Yau ) ဒေသတွင် ကေအိုင်အေ တပ်ရင်း (၁၆)တပ်ဖွဲ့ ဝင်များ နှင့် မြန်မာစစ်တပ် ခလရ (၈၃)တပ်ဖွဲ့  တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။ တိုက်ပွဲ အတွင်းသတင်းများကို ထပ်မံစုံစမ်းနေဆဲဖြစ်ပါသည်။

Source ( Kachinnet )၊ ဓါတ်ပုံ Jade's Facebook

0 comments: