Wednesday, December 21, 2011

လှည်းတန်းလမ်းဆုံတွင် ဗုံးပေါက်ကွဲ

ဆုံဆည်းရာ၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၂

ရန်ကုန်မြို့ ပြည်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်၊ လှည်းတန်းလမ်းဆုံ ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရှိ ရာမညဆောင် အနီးရှိ အများသုံးသန့်စင်ခန်း (အမျိုးသမီးဘက်ခြမ်း) တွင် ၁၁ နာရီ ၈ မိနစ်က ဗုံးပေါက်ကွဲခဲ့ပြီး အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိသွားသည်။

နောက်ထပ် ဗုံးထပ်ကွဲရန်ရှိသည်ဟု လုံခြုံရေးတပ်ဖွဲ့များက ပြော၊ အနီးအနား မှ လူအားလုံးဖယ်ရှားခိုင်းကြောင်း သိရှိရသည်။ မပေါက်ကွဲသေးသော ဗုံးရှိနေသေးသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ရှာဖွေစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေသည်ဟု သတင်းရရှိပါသည်။ လှည်းတန်းလမ်း၊ ပြည်လမ်းနှင့် အင်းစိန်လမ်းတို့ကို ခတ္တပိတ်ပြီး စုံစမ်းရှာဖွေမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။
(ဓါတ်ပုံ - ဖေ့ဘုတ်အင်တာနက်စာမျက်မှ ကူးယူဖော်ပြသည်)

0 comments: