Saturday, December 17, 2011

စာပေသားသတ်ရုံပေါ်က ကာရန်ရသများ

အစဉ်အလာအရ
ဆင်ဆာဖြတ်တယ်

လမ်းစဉ်နဲ့မသင့်ရင်
အရမ်းထွင်ခွင့်မပေးဘူး

မျိုးဆက်ပါးသိပ်လာမဝနဲ့
ချိုးဖျက်ဓါးကသိပ်ထက်တယ်

အသစ်အတွေးတွေ သိပ်ရေးမစွမ်းနဲ့
စစ်ဆေးရေးက သိပ်ကြမ်းတယ်

ခေတ်သံလှိုင်းတွေ သိပ်မသီနဲ့
ပြစ်ဒဏ်ရိုင်းတွေအစီအရီရှိတယ်

ယဉ်ကျေးမှုအပုတ်အသိုးတွေကို
အထင်သေးသမှုနဲ့မလှုပ်နှိုးလေရ

ထုံးစံပေတံပျော့ကွက်တွေကို
ရုန်းဆန်ဝေဖန်လျော့မတွက်ရ

ကဗျာတပုဒ်ပုဒ်ဖြစ်ဖို့
ဘာလုပ်လုပ်မသင့်တဲ့ခေတ်ကြီးမှာ...

ငါ့ကိုအရက်တပိုင်းမြန်မြန်ပေးစမ်းကွာ။ ။

သုအိုင်စံ

0 comments: