Wednesday, October 12, 2011

နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရ၀ပြုကန်တော့ပွဲ

ဆုံဆည်းရာ၊ အောက်တိုဘာလ ၁၂ ရက် ၂၀၁၁

ယနေ့ အစိုးရ အကျဉ်းသားတွေ လွတ်ပေးနေဆဲမှာပဲ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပ ပြုလုပ်နေသော နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရ၀ပြု ကန်တော့ပွဲကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ ၁၁ နာရီတွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပရာ နိုင်ငံရေးအကျဉ်းသားများ ၊ ထောက်ခံသူများနှင့် စိတ်ပါဝင်စားသူ ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ဦးတင်ဦး ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့အား ဂါရ၀ပြုကန်တော့ကြကြောင်း သိရပါတယ်။

အဆိုပါ အခမ်းအနား တက်ရောက်နေတဲ့ လူထုခေါင်းဆောင်း ဒေါ်အောင်ဆန်းဆုကြည်က "အခု သိရသလောက် လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ရာလောက် ရှိတယ်၊ ကျန်တဲ့သူတွေလည်း ဆက်လွှတ်မယ် ထင်တယ်။ အားလုံး လွတ်မယ်လို့ ထင်တယ်။ အခုလို လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် " ဟု ပြောကြားခဲ့ကြောင်း အကျဉ်းသားများလွတ်ပေးအပေါ် အခုလိုပြောဆိုခဲ့တာပါ။

0 comments: