Tuesday, October 11, 2011

အင်းစိန်ထောင်ရှေ့တွင် နိုင်ငံရေးအကျဉ်းသား မိသားစုများ စောင့်

ဆုံဆည်းရာ၊ အောက်တိုဘာလ ၁၁ ရက် ၂၀၁၁

မနက် ၉နာရီ မထိုးခင်ကတည်းက ရန်ကုန်၊ အင်းစိန်ထောင် ဗူးဝရှေ့နားက လက်ဖက်ရည်ဆိုင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မယ်ဆိုတဲ့ သတင်းတွေကြောင့် စောင့်နေကြတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုများနဲ့ သတင်းထောက်တွေ ရောက်နေကြပါပြီ။

ယနေ့နေ့လည် ၁၂နာရီ (သို့) ၁ နာရီအချိန်မှာ လေဒီယိုကနေ ကြေညာပြီးမှ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ခုချိန်ထိတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေတာကလွဲလို့ ထူးခြားမှုတော့ မတွေ့ရသေးပါဘူး။ စောင့်ကြည့်နေကြဆဲပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လွှတ်တော် ဥက္ကဌ ရွှေမန်းမှ နော်ဝေနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမှုအပြီးမှာ နိုင်ငံရေးအကျဉ်းသားများကို ရက်ပိုင်းအတွင်း လွှတ်ပေးမယ်ဆိုတဲ့ ပြောဆိုချက်ကြောင့် အခုလို အင်းစိန်ထောင်ရှေ့တွင် နိုင်ငံရေးအကျဉ်းသားမိသားစုများ စောင့်ဆိုင်းနေခြင်း ဖြစ်ပါတယ်။

0 comments: