Sunday, September 18, 2011

နမ့်ဆန်ယန်ကျေးရွာ ဈေးနီး အိမ်များကို ရန်သူတပ်မှ မီးရှို့ ဖျက်စီး

ဆုံဆည်းရာ၊ ၁၈ ရက် စက်တင်ဘာလ ၂၀၁၁

ကေအိုင်အေ အထူးတပ်ဖွဲ့နှင့် သိန်းစိန်ကြံ့ဖွတ်အစိုးရစစ်တပ် (ခလရ-၃၇) ၊ ခမရ (၄၃၈) တပ်တို့သည် ၂ဝ၁၁ စက်တင်ဘာလ ၁၅- ၁၆ ရက်အတွင်း တိုက်ပွဲဖြစ်ပွားရာ သိန်းစိန်ကြံ့ဖွတ်အစိုးရ စစ်တပ်မှ ရဲဘော် အယောက်(၂ဝ) ကျော်ကျဆုံး၍ ထိခိုက်ဒဏ်ရာ အများအပြား ရရှိကြောင်း သိရှိရသည်။ ကေအိုင်အိုမှ (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိသော်လည်း ပြင်းထန်မှု မရှိကြောင်း သိရှိရသည်။ ကေအိုင်အေ စစ်တပ်မှ သိန်းစိန်ကြံ့ဖွတ်အစိုးရ စစ်တပ် လက်နက်ခဲယမ်းမီးကျောက် အမြောက်အများ သိမ်းဆည်းရမိကြောင်းလည်း သိရှိရသည်။

ထိုသို့တိုက်ပွဲ ဖြစ်ပွားရခြင်းကြောင့် ကေအိုင်အေမှ ခရီးသွားသောသူပြည်သူများအား အောင်ဂျာယန် ရွာတွင် စောင့်ဆိုင်း ထားခိုင်းစဉ် ၂ဝ၁၁- စက်တင်ဘာလ ၁၆ရက် မွန်းလွဲ ၄း ၃ဝ ခန့်တွင် ကြံ့ဖွတ်စစ်တပ်ဘက်မှ ရွာတွင်းသို့လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ခရီးသွားပြည်သူ (၃)ဦးထိခိုက်ဒဏ်ရာရ၍ မော်တော်ကားတစီး ပျက်စီးသွားကြောင်း သိရှိရသည်။ ထို့အပြင် ကြံ့ဖွတ်စစ်တပ် စစ်သားများသည် ထိုကဲ့သို့ ရွာတွင်းသို့လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးသည်ကို အားမရနိုင်သေးပဲထပ်၍ နမ့်ဆန်ယန် ကျေးရွာမှ ဒေသခံ ပြည်သူများ၏ အိမ်များနှင့် နမ့်ဆန်ယန်ဈေးတန်းကို ညနေ ၆း ၄ဝ နာရီတွင် မီးရှို့ ဖျက်စီးခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ပစ်ခတ်သဖြင့် ဒေသခံများ ကြောက်လန့်တကြား ရရာပစ္စည်းများ စွဲကိုင်၍ ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာဘက်သို့ တိမ်းရှောင်သွားကြောင်း သိရှိရသည်။

တရက်တည်းမှာပင် ကေအိုင်အေ တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း (၁၅)မှ တာပိန်ချောင်း ရေအားလျှပ်စစ်အနီး တုံဟုံး လမ်းခွဲတွင် အခြေပြုသော သိန်းစိန်စစ်တပ်အဖွဲ့အား စက်တင်ဘာလ- ၁၆ရက် ညနေ ၄း၁၇ တွင် သွားရောက်တိုက်ခိုက်ရာအကျအဆုံးများပြီး ယခုချိန်ထိ လူသေအလောင်းများအား စစ်တပ်ဘက်မှ လာရောက်မြုပ်နှံခြင်း မရှိသေးကြောင်း နမ့်ဆန်ယန်ဒေသခံများဧ။် ပြောဆိုချက်အရ သိရသည်။

0 comments: