Monday, September 19, 2011

“ရွှေဝါရောင်” ဟာ “တော်လှန်ရေး”

ညိုထက် (လမ်းသစ်ဦး)


ဗုဒ္ဓဘာသာဝင်တိုင်းဟာ

“ကုသိုလ်” နဲ့ “အကုသိုလ်” ကိုသိတယ်

ဘာလို့လည်းဆိုတော့

ရှင်ကြီးဂေါတမက

“အကြောင်းကြောင့်သာလျင် အကျိုးဖြစ်ကုန်၏” လို့

အခိုင်အမာ ယုံကြည် ညွှန်ပြခဲ့လို့ဖြစ်တယ်

တကယ်တော့

“ကံ - ကံ၏ အကျိုး” ဆိုတာ

ကံ အကျိုးပေးမှုဆိုတာ

ချွန်းချက်မရှိဘူး

ကျောသား - ရင်သား မခွဲခြားဘူး

တိုက်ဆိုင်တယ်ဆိုတာ မရှိဘူး

ဒါ့ကြောင့်ပဲ

ရွှေဝါရောင် ဟာ တော်လှန်ရေးဖြစ်တာ ဖြစ်တယ်။

ညိုထက် (လမ်းသစ်ဦး)

၁၂ - ၀၉ - ၂၀၁၁

0 comments: