Thursday, September 22, 2011

ဒီရက်ပိုင်း ကြားနေရတဲ့ တရုပ်နဲ့ပတ်သက်တဲ့ သတင်းတွေ ရေးသားချက်တွေကို ချုပ်ကြည့်လိုက်တော့

ဒီရက်ပိုင်း ကြားနေရတဲ့ တရုပ်နဲ့ပတ်သက်တဲ့ သတင်းတွေ ရေးသားချက်တွေကို ချုပ်ကြည့်လိုက်တော့
-ဧရာဝတီ မြစ်ဆုံနဲ့ ပတ်သက်ပြီး ဆန့်ကျင်တဲ့အနေနဲ့ တရုပ်သံရုံးမှာ ပြည်သူတွေက ဆန္ဒပြမယ်ဆိုတာ ကြားရတယ်
- တရုပ်သံရုံးမှာ မြန်မာပြည်သူတွေဆန္ဒပြမှာကို ရန်ကုန်က ရဲတွေ၊ ထောက်လှမ်းရေးတွေက အကာအကွယ်ပေးတယ်
- အင်္ဂလန်မှာ နေထိုင်သူ သူရိန်ကျော်ဇောလို့ ထင်ကြေးပေးခံနေရသူ ၀တုတ် က “ကြိးဒေါ်စုသို့ ပေးစာ” မှာ တရုပ်ကို အတွေးအခေါ်အရ အကာအကွယ်ပေးထားတာတွေ့ရတယ်
“တရုတ်ကို ဆဲ တယ်၊ ခြေလေးချောင်း ကောင်းတယ်၊ ခြေနှစ်ချောင်း မကောင်းဘူး၊ အမေရိကန် ဘာလုပ်လုပ် ကောင်းတယ်၊ တရုတ် ဘာလုပ်လုပ် မကောင်းဘူးလို့ လှေနံဓားထစ်မှတ်ပြီး အမေစု၊ အမေစုနဲ့ အော်နေရရင်ကို ကိုယ့်နိုင်ငံ ရေးတာဝန်ကျေပြီလို့ ခံယူထားသူတွေ အများကြီးပါ။”
- အမျိုးသားနိုင်ငံရေးအဖြစ်တင်စားခံနေရတဲ့ ဧရာဝတီ ကို ဖျက်ဆီးလိုသူ တရုပ်ကို အတွေးအခေါ်အရ အကာအကွယ်ပေးနေသူ ၀တုတ် ရဲ့ ဆောင်းပါးကို မဲဆောက်က လူထုတိုက်ပွဲ ကော်မတီဝင် (အခုနှစ်စပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို ထိုးနှက်တဲ့ ဆောင်းပါးတွေကို ဒေါက်တာလွဏ်းဆွေ တင်ခဲ့ဖူးပါတယ်။ အဲဒီတော့ အသံတွေထွက်ပါတယ်။ အသံတွေထွက်တော့ ဒေါက်တာလွဏ်းဆွေ ကာကွယ်ရေးသမားများက ဒေါက်တာလွဏ်းဆွေက စာနယ်ဇင်းသမားမို့ ဖွတာပါလို့ တုန့်ပြန်ခဲ့တာ သတိရသွားလို့ ဒေါက်တာလွဏ်းဆွေဟာ နိုင်ငံရေးအဖွဲ့အစည်း နောက်ခံမရှိတဲ့ စာနယ်ဇင်းသမား မဟုတ်ဘူး။ လွတ်လပ်တဲ့ စာနယ်ဇင်းသမား မဟုတ်ဘူးဆိုတာ ထင်ရှားစေချင်လို့ ဒါကို ထည့်သွင်းဖေါ်ပြတာပါ) ဒေါက်တာလွဏ်းဆွေဆိုသူက အလေးအနက်ထားပြီး တင်ပြပေးနေတယ်
ဆိုတဲ့ အချက်တွေကို တွေ့မြင်နေရပါတယ်။
nyo htet

0 comments: