Friday, September 16, 2011

ကေအိုင်အေနှင် သိန်းစိန်အစိုးရစစ်တပ်တို့ ထပ်မံတိုက်ပွဲများဖြစ်ပွားနေ

ဆုံဆည်းရာ၊ ၁၆ ရက် စက်တင်ဘာလ ၂၀၁၁

စကခ (၂၁) လက်အောက်ခံ၊ ဗန်းမော်မြို့မှ ခလရ(၄ရ) စစ်တပ်နှင့် ကေအိုင်အေ တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း(၁)တို့ (၁၄) ရက် စက်တင်ဘာလ ။ မွန်းလွဲ (၁း၃ဝ)နာရီ မှ (၂) နာရီအတွင်း တိုက်ပွဲ ဖြစ်ပွားကြောင်း သိရှိရသည်။ သိန်းစိန်အစိုးရစစ်တပ် ခလရ(၄ရ) အင်အား (၁ဝဝ) ကျော်အား မံစီမြို့အဝင် ရွာသစ်ကုန်း ကျေးရွာအနီး ကေအိုင်အေ တပ်ရင်း(၁)မှ စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ သိန်းစိန်အစိုးရစစ်တပ်မှ ရဲဘော်(၂) ဦး ကျဆုံးပြီး အမြောက်အများ ဒဏ်ရာရကြောင်း သိရှိရသည်။ ဆက်လက်သေဆုံးဒဏ်ရာရစာရင်း ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စက်တင်ဘာလ (၁၄) ရက် နံနက် (၁၁း၃၀)နာရီတွင် ကေအိုင်အေ တပ်မဟာ(၅) လက်အောက်ခံတပ်ရင်း (၁၈) နယ်မြေ မြစ်ကြီးနား-လိုင်ဇာကားလမ်း နမ့်ဆန်ယန်ရွာအနီး၊ ခါ့လားကုန်းတွင် သိန်းစိန်အစိုးရစစ်တပ် စကခ(၂၁) လက်အောက်ခံ နွမ်လန့်ရွာ အခြေစိုက် ခမရ(၄၃၈)တို့နှင့် တိုက်ပွဲဖြစ်ကြောင်း သိရှိရသည်။ ထိုတိုက်ပွဲတွင် သိန်းစိန်စစ်အစိုးရ စစ်တပ်မှ ရဲဘော် အမြောက်အများ ဒဏ်ရာရရှိကြောင်း သိရှိရသည်။ကျဆုံး ထိခိုက်ဒဏ်ရာရစာရင်းကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

0 comments: