Friday, September 16, 2011

သိန်းစိန်အစိုးရစစ်တပ်အား ကေအိုင်အေမှ တိုက်ခိုက်

ဆုံဆည်းရာ၊ ၁၆ ရက် စက်တင်ဘာလ ၂၀၁၁

နားဖေါ့တပ်စခန်းမှ ဆင်းလာသော သိန်းစိန် (ကြံ့ဖွံ့အစိုးရ) ခလရ (၃၇) အင်အား ၁၃၀ ခန့်ကို ကေအိုင်အေ လှုပ်ရှားတပ်မ လက်အောက်ခံတပ်ရင်း (၂၅၅)မှ နားဖေါ့ရွာအနီးတွင် ၂ဝ၁၁ စက်တင်ဘာ ၁၃ရက် နံနက် ရ နာရီခန့်တွင် စောင့်ကြိုတိုက်ခိုက်ကြောင်းသိရသည်။ ထိုတိုက်ပွဲတွင် သိန်းစိန် (ကြံ့ဖွံ့အစိုးရ) စစ်တပ်မှ အရာရှိနှစ်ဦး နှင့် အခြားစစ်သည်များ ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း သိရှိရသည်။ သေဆုံး၊ ဒဏ်ရာရ စာရင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထို့အပြင် စက်တင်ဘာလ ၁၂-ရက်နေ့ ည (၉)နာရီတွင် ကေအိုင်အေ တပ်ရင်း(၁၈) နယ်မြေအတွင်း နမ့်ဆန်ယန်မှ ဘန်ဒေါင်ရွာသို့ သွားသောလမ်း၊ ဘန်ဒေါင်ရွာ လမ်းခွဲရှိ ခလရ (၃၇) စခန်းထိုင်သော စခန်းကုန်းကို ကေအိုင်အေ တပ်ရင်း (၁၈) မှ ဝင်ရောက်တိုက်ခိုက်၊ ရှင်းလင်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။


0 comments: