Wednesday, August 3, 2011

ဝဲကတော့

လေဗွေကိုအားကျလို့
တုပေမဲ့
သူ့အရေခွံနဲ့သူပိတ်မိနေတဲ့
ဖြစ်တည်မှုကနေရုန်းထွက်မရတော့တဲ့အခါ
စိတ်နာနာနဲ့
သူ့နယ်မြေထဲဝင်လာသမျှကို
ဒေါသထွက်နေတဲ့တွင်းနက်ကြီးအလား
စုပ်ယူဝါးမျိုပစ်
မြစ်ရေမကုန်ခမ်းသေးသရွေ.
မြစ်နဲ့အတူ
တောင်စွယ်တောင်တန်းတွေကြားမှာ
ထောင်ကျနေခဲ့
"စီးဆင်းသွားတဲ့ရေကြောလှလှလေးတွေရေ
ပင်လယ်အကြောင်းဖွဲ.ထားတဲ့တေးတစ်တပုဒ်လောက်
ပြန်လာမဲ့ဆလ်မွန်တစ်အုပ်နဲ့ထဲ့ပေးလိုက်စမ်း
ငါအရမ်းနားဆင်ချင်တယ်

ရောက်မလာမဲ့အရာကို
မစောင့်နိုင်တဲ့အဆုံး
ဝဲကတော့ဟာ
ဝဲကတော့ထဲခုန်ချသွားပါတော့တယ်။ ။

သုအိုင်စံ

0 comments: