Wednesday, June 1, 2011

လူ၊ ရယ်ဒီမိတ်များနှင့်.....ဖြစ်တည်မှု

သို့.....လောကကြီး

ကျွန်ပ် (လူသားလောင်းလေး)မှ အောက်ပါ ပစ္စည်းများကို ဝယ်ယူအသုံးပြုလိုပါသဖြင့် စနစ်တကျစီစဉ်ပေးထားပါ။ မကြာခင် ဘဝတစ်ခုနှင့် လာရောက်ပေးချေ လက်ခံယူပါမည်။

(၁) အသင့်ပြင်ထားတဲ့ လေထုခပ်သန့်သန့်
(၂) အသင့်ပြင်ထားတဲ့ မိခင်နို့ရည်
(၃) အသင့်ပြင်ထားတဲ့ အမည်နာမတစ်ခု
(၄) အသင့်ပြင်ထားတဲ့ အမှန်တရား*
(၅) အသင့်ပြင်ထားတဲ့ အထင်သေးမှု
(၆) အသင့်ပြင်ထားတဲ့ အတင်းအဖျင်း
(၇) အသင့်ပြင်ထားတဲ့ ပြည်သူပိုင်တံတွေးခွက်
(၈) အသင့်ပြင်ထားတဲ့ ငြိမ်းချမ်းရေးစစ်စစ်*
(၉) အသင့်ပြင်ထားတဲ့ အကြင်နာတရား*
(၁၀) အသင့်ပြင်ထားတဲ့ အပြန်အလှန်လေးစားဆက်ဆံမှု*
(၁၁) အသင့်ပြင်ထားတဲ့ သင်ရိုးညွှန်းတမ်း
(၁၂) အသင့်ပြင်ထားတဲ့ ကောင်မလေးနှုပ်ခမ်း
(၁၃) အသင့်ပြင်ထားတဲ့ ရွေးချယ်ခွင့်
(၁၄) အသင့်ပြင်ထားတဲ့ လွပ်လပ်မှု*
(၁၅) အသင့်ပြင်ထားတဲ့ ဥပဒေ
(၁၆) အသင့်ပြင်ထားတဲ့ လောဘနဲ့အတ္တ
(၁၇) အသင့်ပြင်ထားတဲ့ စော်ကားမှု
(၁၈) အသင့်ပြင်ထားတဲ့ သစ္စာများ
(၁၉) အသင့်ပြင်ထားတဲ့ ယုံကြည်ချက်များ*
(၂၀) အသင့်ပြင်ထားတဲ့ ကမောက်ကမများ
(၂၁) အသင့်ပြင်ထားတဲ့ ချစ်ခြင်းမုန်းခြင်းများ
(၂၂) အသင့်ပြင်ထားတဲ့ လိုလိုမယ်မယ် ဟိုဟာဒီဟာများ။ ။

သို့.....လူသားလောင်းလေး

မှာထားသောပစ္စည်းများ အဆင်ပြေသော်လည်း အထက်စာရင်းပါ (*) ကြယ်ပွင့်ပြထားသော အရာများကို ကျွန်ပ်တို့ ထုပ်လုပ်ရောင်းချခြင်း မပြုနိုင်သေးသဖြင့် ဝမ်းနည်းရပါကြောင်း။ သို့ပါသော်လည်း ယခုလိုလာရောက်အားပေးမည့် လူကြီးမင်းအား လူ့ဘဝတွင် သေချာအသုံးတည့်နိုင်မည့် အောက်ပါပစ္စည်းများအား ကျွန်ပ်တို့လောကကြီးမှ မေတ္တာလက်ဆောင်အဖြစ် ပြင်ဆင်ထားပါသည်။ လာရောက်ပျော်မွေ့နိုင်ပါစေ။


(၁) အသင့်ပြင်ထားတဲ့ မှားယွင်းခွင့်
(၂) အသင့်ပြင်ထားတဲ့ အာဃာတနဲ့စပယ်ရှယ်အမုန်းခပ်များများ
(၃) အသင့်ပြင်ထားတဲ့ အဆင်သင့်မဖြစ်မှုများ
(၄) အသင့်ပြင်ထားတဲ့ ခေါင်းတလားတစ်လုံး။ ။

သုအိုင်စံ

0 comments: