Wednesday, May 18, 2011

မေညများ …

ကမာပုလဲ

မေဟာ …
မိုးရိပ် မိုးငွေ့ကလေးတွေနဲ့ …။

တကယ်ဆို
မေဟာ နွေပါပဲ
နွေနှောင်းရာသီရဲ့ နှုတ်ဆက်သီချင်းဟာ … မေ။

ငှက်ကလေးတွေက
အိမ်ကလေးတွေကို အလျင်အမြန် တည်ဆောက်
တမိုးစာ စားစရာကလေးတွေကို စုဆောင်း
ပြောင်းလဲစ ပြုလာတဲ့ လေထုကို
မေက ဣနြေ္ဒရရ ရင်ဆိုင်တယ် ...။

မေည တွေမှာ
တခါ တခါ မိုးသက်လေရနံ့
တခါ တရံမှာ လျှပ်နွယ်ထစ်ချုန်း
ရှယ်ရွန်ကော ရဲ့ သူပုန့် နှလုံးသား တေးသွား
တယောဘိုးတံပေါ်မှာ
မေဟာ ...
လှလှပပ ကခုန်တယ်။

နှုတ်ဆက်တယ် မေ
မင်းဟာ တာဝန်ကျေပါတယ်
စက်ရုံ၊ အလုပ်ရုံတွေက
မင်းကို အမှတ်တရ ရှိနေကြမှာပါ

ငါ့မှာသာ
မပြီးဆုံးသေးတဲ့ ယုံကြည်မျှော်လင့် ခရီးရှည်တွေနဲ့
မင့်ကို ...
အိပ်မက်ထဲအထိ .... လွမ်း။ ။

ကမာပုလဲ
မေ၊ ၂၀၁၁။

ရှယ်ရွန်ကော = Sharon Corr ( The Corrs Music Band)
သူပုန့်နှလုံးသား = Rebel Heart ( Violin Tune by Sharon Corr)
http://www.youtube.com/watch?v=Nh1zWWWY22M

0 comments: