Thursday, April 14, 2011

အသံကြောင့်ဂီတသေတယ်

လက်ဇောင်းနဲ့ တဖြောင်းဖြောင်း ခုတ်တယ်၊ မသေဘူး
လက်ဝါးနဲ့ တဖြန်းဖြန်း ရိုက်တယ်၊ မသေဘူး
လက်ဖျံနဲ့ တ၀ုန်းဝုန်း ထုတယ်၊ မသေဘူး
လက်သီးနဲ့ တခွပ်ခွပ်ထိုးတယ်၊ မသေဘူး
လက်ညိုးနဲ့ ငေါက်ငေါက်ထိုးတယ်၊ သေ သွား တယ်။။။

သုအိုင်စံ

0 comments: