Tuesday, April 19, 2011

ငါ့ကိုမောင်းတာဘယ်သူလဲ

လာခဲ့တာမဟုတ်ဘူး
ရောက်ခဲ့တာ။

ဒီလမ်းပေါ်မှာ
စီစဉ်ပြီးသားအစီအစဉ်မကျမှုတွေ
မလွပ်လပ်နိုင်တဲ့လွပ်လပ်ခွင့်တွေ
ပြင်ဆင်လို့မရတဲ့ပြင်ဆင်ခွင့်တွေ...ရှိတယ်
ဒီလမ်းပေါ်မှာ
ကျောင်းမအပ်ခဲ့ပေမဲ့စာသင်နေရတယ်
လျှောက်လွာမတင်ခဲ့ပေမဲ့အလုပ်ဝင်နေရတယ်
မတောင်းဆိုခဲ့ပေမဲ့ရရှိနေတယ်
ဒီလမ်းပေါ်မှာ
ခံစားမှုနဲ့ပေးဝယ်ရင်
နှလုံးသားကိုကျွေးတဲ့အစာရမယ်
ဦးနှောက်ကိုအလုပ်ခန့်ချင်ရင်တော့
ရှိပြီးသားဒသနအိုတွေကိုအာဂုံဆောင်ရမယ်
ဒီလမ်းပေါ်မှာပဲ
တည်ငြိမ်စွာအမောင်းခံနေရတဲ့(အချိန်)နဲ့
ဆူပူစွာအမောင်းခံနေရတဲ့(ငါ့ခြေလှမ်း)တွေ
ရွေ.နေတယ်။

ထွက်သွားတာမဟုတ်ဘူး
တွန်းထုတ်ခံရတာ။ ။

သုအိုင်စံ

0 comments: