Monday, April 18, 2011

လူနှင့်သူဖွာရှိက်နေတဲ့သူ့ဘဝ

မီးမညှိပဲနဲ့တောင်
အလိုလိုစွဲလောင်ခဲ့သေးတာပဲ
မဖွာရှိက်လည်းပြာဟာကြွေမြဲ
စိတ်ပါရင်မီးဟာရဲလို့
စိတ်နာရင်မီးခိုးထွက်ရုံလေး
ဆေးလိပ်သောက်ခြင်းရဲ့ဒါဏ်ဒုက္ခ
ဖြတ်ချင်တိုင်းလည်းဖြတ်မရ
မပြတ်ချင်လည်းပဲပြတ်သွားတတ်တယ်

တငွေ.ငွေ.နေ့ရက်များ
တရွေ.ရွေ.ရှေ့ဆက်သွား

အစီခံအရောက်မှာ
ကြောက်ရွံ.စွာတောင်းပန်လို့မရ
ရဲရင့်စွာတော်လှန်လို့မရ
ဆေးလိပ်ပြတ်ပြီ

ပြာပုံထဲမှာဘာမှမရှိ
အစီခံထဲမှာသမိုင်းရှိတယ်

အစီခံဆိုတာ
လွင့်ပစ်အပ်တဲ့အရာပဲ။ ။

သုအိုင်စံ

0 comments: