Thursday, March 10, 2011

တိုက်ပွဲသတင်းများ (မတ်လ ၁၀ ရက် ၂၀၁၁ ခုနှစ်)

ကေအန်ယူ၊ တပ်မဟာ(၅) တောင်ငူခရိုင်

ဖေဖော်ဝါရီလ ၂၈ ရက် ၂၀၁၁ ခုနှစ်၊ ကေအန်ယူကွန်မန်ဒိုတပ်ရင်းမှ ရန်သူနအဖတပ်ဖွဲ့နှင့် ထီးညာ့ပေါ့တွင် တိုက်ပွဲဖြစ်ခဲ့ရာ ရန်သူ(၁)ယောက်ကျဆုံးခဲ့သည်။ ဆက်လက်၍ စောယယ်ကျိုးနှင့် ထိုးကိဂွင်မှာ တိုက်ပွဲဆက်ဖြစ်ရာ ရန်သူအကျအဆုံးကို မသိရှိရသေးချေ။ ထိုနေ့မှာပင် ကေအန်ယူတပ်ဖွဲ့သည် ရန်သူနှင့် ဘူးဘောဒေသတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ ရန်သူမှ(၁)ယောက် ဒဏ်ရရှိခဲ့သည်။

မတ်လ ၁ ရက် ၂၀၁၁ ခုနှစ်၊ ကေအန်ယူ ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ရင်း(၁)အဖွဲ့သည် တမင်ထာ့၊ ခိဖိုးဂွင်တွင် ရန်သူကို သွားရောက်ချေမှုန်းရာမှာ ရန်သူ(၁)ယောက်သေပြီး ထိခိုက်ဒဏ်ရာရရှိမှုကိုတော့ မသိရပါ။

မတ်လ ၂ ရက် ၂၀၁၁ ခုနှစ်၊ ကေအန်ယူပြောက်ကျား(၂)အဖွဲ့နှင့် ရန်သူနအဖတပ်ဖွဲ့တို့ ထော့ကွိဂွင် မီးပါပူ ဒေသမှာ ဖြစ်ပွားသော တိုက်ပွဲတွင် ရန်သူဘက်မှ (၁)ယောက်ဒဏ်ရာရှိပြီး ထိုနေ့မှာပင် ကေအန်ယူ ကာကွယ်ရေး တပ်ရင်း(၁)မှ ရန်သူကို ကော့ထဲဒါး၊ ခေးပူဒေသ ဖြစ်ပွားသောတိုက်ပွဲတွင် ရန်သူ အသေအပျောက် မသိရှိရပါ။ တရက်ထဲမှာပင် ကေအန်ယူ အထူးပြောက်ကျားတပ်ဖွဲ့နှင့် ရန်သူအဖွဲ့တို့ ဘူးဘောတွင် တိုက်ပွဲဖြစ်ပွားရာ ရန်သူ(၁)ယောက်ဒဏ်ရာရှိခဲ့သည်။

မတ်လ ၃ ရက် ၂၀၁၁ ခုနှစ်၊ ကေအန်ယူ ကာကွယ်ရေး၊ တပ်ရင်း(၁)အဖွဲ့နှင့် ရန်သူနအဖတပ်ဖွဲ့တို့သည် ပေါ်ပူထာ့ရွာနှင့် လာ့မုပလောရွာ အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုကို မသိရသေးချေ။ ထို့နေ့မှာပင် ကေအန်ယူတပ်ရင်း(၁၀၂)၊ ခွဲ(၃)အဖွဲ့မှ ရန်သူ၏ မယ်တိုးစခန်းကို ပြောက်ကျား သွားတိုက်ရာမှာ ရန်သူ(၁)ယောက်သေပြီး ထိခိုက်ဒဏ်ရာစာရင်းကိုတော့ မသိရပါ။

မတ်လ ၄ ရက် ၂၀၁၁ ခုနှစ်၊ ကေအန်ယူ ကာကွယ်ရေးအဖွဲ့က ဟောဒေးခုမှာ ရန်သူကို ပြောက်ကျား သွားရောက် တိုက်ခိုက်ခဲ့ပြီး ရန်သူ ထိခိုက်ဒဏ်ရာရရှိမှု မသိရပါ။ ထိုရက်မှာပင် တပ်မဟာ (၅) ဗဟိုဌာနချုပ် တပ်ဖွဲ့မှ ရန်သူကို စောစေးဒေး၊ လယ်တို့နှင့် ခေါက်ဖို့အနီးတစ်ဝိုက်မှာ ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ပြီး ရန်သူဘက်မှ (၅)ဦးသေကာ (၁)ဦး ဒဏ်ရာရရှိခဲ့သည်။ ဆက်လက်၍ ထိုနေ့တွင်ပင် ကေအန်ယူတပ်ရင်း(၁)၊ ပြောက်ကျား(၂)အဖွဲ့မှ ရန်သူကို ကားလမ်း မဘေးတစ်နေရာတွင် သွားရောက်တိုက်ခိုက်ရာ ရန်သူ(၃)ယောက် ဒဏ်ရာရရှိခဲ့သည်။

တရက်တည်းမှာပင် ကေအန်ယူတပ်ရင်း(၁၀၂)မှ ပြောက်ကျား(၂)အဖွဲ့က ထီးသဲခါ့နှင့် ဒဲကဝေါကြားမှာ ရန်သူကို တိုက်ခိုက်ရာမှာ (၁)ယောက်သေပြီး (၁)ယောက် ဒဏ်ရာရရှိခဲ့သည်။

မတ်လ ၄ ရက် ၂၀၁၁ ခုနှစ်၊ တပ်မဟာ(၂) ဆဲထီ မှ လှုပ်ရှားနေသော ရန်သူတပ်ဖွဲ့သည် တပ်မဟာ(၅) တာ့ခဲဒါးမှ ဆာ့လော်ကျိုးအထိ လုံခြုံရေးယူရန် ရောက်လာခဲ့သည်။

မတ်လ ၅ ရက် ၂၀၁၁ ခုနှစ်၊ မနက် (၁၀း၁၀) မိနစ်အချိန်တွင် ကေအန်ယူတပ်ဖွဲ့သည် ရန်သူကို ဟော်သားထုနေရာတွင် (၅)မိနစ်ကြာ ပြောက်ကျားတိုက်ခိုက်ခဲ့သည်။ အသေအပျောက် မသိရပါ။

မတ်လ ၈ ရက် ၂၀၁၁ ခုနှစ်၊ ၁၂း၃၀ အချိန်မှာ ကေအန်ယူတပ်ဖွဲ့မှ ရန်သူကနဲလေးစခန်းကို သွားရောက် ပြောက်ကျား တိုက်ခိုက်ရာ ရန်သူဘက်မှ (၂)ယောက်သေပြီး (၄)ယောက် ဒဏ်ရာရရှိခဲ့သည်။ (၂)ယောက် သေသည့်အထဲတွင် ဒုဗိုလ်(၁)ယောက်လည်း ပါဝင်ပါသည်။ ကေအန်ယူဘက်မှ (၆၀)မမ တစ်လုံးသာ ပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိပဲ အခြေအနေ ကောင်းမွန်းကြောင်းလည်း သတင်းရရှိပါသည်။

တပ်မဟာ(၆) ဒူးပလာယာခရိုင်

မတ်လ ၄ ရက် ၂၀၁၁ ခုနှစ်၊ ညနေ(၈)နာရီခွဲအချိန်တွင် ကော့နွဲရွာမှာ လှုပ်ရှားနေသော ရန်သူခမရ(၅၄၇) ဦးစီးဦးဆောင် ဗိုလ်မှူး ရဲထွန်းသည် ရွာသစ်ကုန်းရွာထဲသို့ အမြောက်ကြီး(၅)လုံးပစ်ခတ်ခဲ့ရာ အမျိုးသမီးငယ် တစ်ဦး ဖြစ်သူ နော်ကူးကူး(၁၀)နှစ်(အမိအမည်-နော်ကြည်ညို(၃၃ နှစ်) အဖအမည်-စောဖါးဒီး (၃၂)နှစ်က ဘယ်ဘက်ရင်အုံကို ကျည်စထိမှန်သွားပါသည်။

မတ်လ ၅ ရက် ၂၀၁၁ ခုနှစ်၊ ဘုရားသုံးဆူမှာလှုပ်ရှားနေသော ရန်သူ ခလရ (၂၈၃)အစား ခလရ (၂၈၄)က အစားထိုး ရောက်ရှိလာသည်။ တရက်အတွင်းမှာပင် နံနက် (၉း၀၀)နာရီအချိန်တွင် ရန်သူ စကခ (၈) လက်အောက်ခံ နည်းဗျူဟာမှူး သိန်းဇော်ဦးဆောင်သော (၄၀၂) (၄၀၅) (၄၀၆) တပ်ဖွဲ့သည် မကျုရွာအနီး ရောက်ရှိလာချိန်တွင် ဈေးရောင်းဈေးဝယ်ဖြင့် စည်ကားနေသော ရွာလယ်ထဲသို့ အမြောက်များပစ်ချခဲ့သည်။

၎င်းအမြောက်ကြောင့် ကားလမ်းနံဘေးရှိ ဘုန်းကြီးကျောင်းမှ အသက်(၁၄)နှစ်ရှိသော ကိုယ်ရင် တစ်ပါး၏ ဘယ်ဘက်ပေါင်ကို ထိမှန်ဒဏ်ရရှိခဲ့သည်။

ပေးပို့သူ - ကိုးဒီသွေး

0 comments: