Friday, March 18, 2011

ဒီကေဘီအေ မြ၀တီမြို့အား ၀င်ရောက်တိုက်ခိုက်မည်

ဆုံဆည်းရာ၊ မတ်လ ၁၈ ရက် ၂၀၁၁ ခုနှစ်
ဒီကေဘီအေ ဘက်က မြ၀တီမြို့နှင့် ကော့ကရိတ်မြို့ရှိ စစ်အစိုးရ ဌာနဆိုင်ရာရုံးတွေကို ၀င်ရောက် တိုက်ခိုက်မည်ဟု ပြောဆိုလိုက်ပါတယ်။ ယနေ့နံနက်ပိုင်းတွင် မြ၀တီမြို့တွင် ဒီကေဘီအေ တပ်ဖွဲ့များ ၀င်ရောက် တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် ဈေးဆိုင်များ၊ ရွှေဆိုင်များ၊ စတိုးဆိုင်ကြီးများကို ရဲများ လွန်ခဲ့သည့် နှစ်ရက်လောက် ကတည်းက ကြိုတင် ပိတ်ခိုင်းထားကြောင်း သိရပါတယ်။

ဒီကေဘီဘက် ထိုကဲ့သို့ တိုက်ခိုက်မယ့်အကြောင်းကို စစ်အစိုးရ အာဏာပိုင်များထံ တရားဝင်အကြောင်းကြားစာ ပို့ထားကြောင်းနှင့် ပြည်သူလူထု ထိခိုက်နစ်နာမှုများရှိမှာ မလိုလားသောကြောင့် နအဖ စစ်အစိုးရ ဌာနအဆိုင်ရာများကိုသာ အဓိက တိုက်ခိုက်မယ်ဟု သိရပါတယ်။

2 comments:

keep up friends said...

ကရင်တပ်များ ကရင်ပြည်နယ်မြိုများကိုသိမ်းပါ ရှမ်းတပ်များ ရှမ်းမြိုများကိုသိမ်းပါ မွန်က လောက်လေးခွလောက်ပဲကျန်လို့ မပြောတော့ဖူး ကချင်လလဲ ကချင်ပြည်နယ်မြိုရွာကိုသိမ်းပါ ပြည်သူများလဲ စစ်ပညာသင်ပေးပြီး လိုအပ်လျင် လက်နက်တပ်ဆင် ပေးနိုင်အောင်လုပ်ပါ ဒါဆို လျစ်ဗျားလိုပဲ UN ကလက်ပိုက်ကြည့်နေလို့ မရတော့ဖူး အဲဒီချိန်မှာ သန်းရွေကို စိတ်နာနေတဲ့ အောက်ခြေတပ်သားတွေ ပြေးလိမ့်မယ် ကိုယ့် တော်လှန်ရေးတပ်တွေနဲ့ တချို့ တ၀က်လာပေါင်းလိမ့်မယ် ဒီအခြေနေမျိုး ဖန်တည်းနိုင်ရင်သန်းရွေ သေပြီး ဒါပဲ

Anonymous said...

အရူးတွေ လစ်ဗျားမှာက ရေနံတွေရှိတယ်။ မြန်မာမှာ ရေနံရှိလို့လား။ လက်နက်မပါတဲ့ ပြည်သူတွေက်ုသတ်
တာတောင် UN ဘာလုပ်နိုင်လို့လဲ။ မင်းတို့ ကရင်တွေ မြို့သိမ်းနိုင်ရင် ကရင်နိုင်ငံ တည်ထောင်နိုင်တာကြာပြီကွ။