Friday, February 11, 2011

ယနေ့သတင်း (၁၁ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၁၁ ရက် ဖေဖော်ဝါရီလ ၂၀၁၁

သတင်း
ည (၉ နာရီ နာရီ ၄၇ မိနစ်) ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှ ၂၀၁၁ခုနှစ်၊ ဇန်န၀ါရီလ ၃၁ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် နအဖ စစ်တပ်ဘက်မှ သေဆုံးသူ ၂၅၁ ဦး၊ ဒဏ်ရာရရှိသူ ၂၇၈ ဦးနှင့် DKBA ဘက်မှ သေဆုံးသူ ၅ ဦး၊ ဒဏ်ရာရသူ အရပ်သားတဦး အပါအ၀င် ၉ဦး ထိခိုက်မှုရှိ သည်ဟု ဒီကေဘီအေ ဘက်မှ ထုတ်ပြန်ပြောဆိုလိုက်ကြောင်း သိရှိရပါတယ်။ (ကိုးကား - ကေအိုင်စီ)

ညနေ (၃ နာရီ နာရီ ၄၇ မိနစ်)
ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား နေအိမ်အကျယ်ချုပ်ချထားလိုက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီးသာအေးနှင့် စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း တို့ကိုလည်း နေအိမ် အကျယ်ချုပ် ချထားလိုက်တယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ ဒီကေဘီအေ ထိုးစစ် စစ်ဆင်ရေးတွေကို အဓိက ဦးဆောင်ကိုင်တွယ်တဲ့ ဒု - ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ဒီကေဘီအေနဲ့ တိုက်ပွဲတွေမှာ နအဖ ဘက်က စစ်သားတွေ အကျအဆုံးများတာကြောင့် ဒု - ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကာကွယ်ရေးစီးချုပ်နေရာ မပေးတော့ပဲ ကာကွယ်ရေးဝန်ကြီး ပေးလိုက်တဲ့အပေါ် မကျေနပ်ပဲ ဗိုလ်ချုပ်မှူးကြီးထံ သွားရောက်ပြောဆိုခဲ့ရာမှ ၄င်းအား အကျယ်ချုပ် ဖမ်းဆီးထားလိုက်တာဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ လတ်တလော အခြေအနေအရ နေပြည်တော်တွင် နအဖ တပ်တွင်း ရှုတ်ထွေးမှုများ ဖြစ်ပေါ်နေတယ်လို့ နေပြည်တော် နအဖ အသိုင်းအ၀ိုင်းက ပြောဆိုနေပါတယ်။

0 comments: