Saturday, February 12, 2011

ယနေ့သတင်း (၁၂ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၁၂ ရက် ဖေဖော်ဝါရီလ ၂၀၁၁

သတင်း
နေ့လည် (၁ နာရီ နာရီ ၂၀ မိနစ်) ဒု-ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို စစ်ဆေးမှုများပြုလုပ်မည့် အကြောင်းပြချက်ဖြင့် ရေကြည်အိုင်စခန်းသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရပါတယ်။ ၄င်းရဲ့ ကိုယ်ရေးအရာရှိများ လုံခြုံရေးများကိုလည်း ဖမ်းဆီးထားကြောင်း သိရှိရပါတယ်။

နေ့လည် (၁ နာရီ နာရီ ၁၀ မိနစ်) ဖေဖော်ဝါရီ ၁၀ ရက်နေ့ည (၈)နာရီတွင် နအဖ စစ်တပ်များ နအဖ စကခ (၁၂)လက်အောက်ခံရင်းများ ဝေါ်လေဒေသသို့ ရိက္ခာပို့ရန် လေးဝေါ်ကျေးရွာ အ၀င်တွင် ကေအဲန်ယူ တပ်ဖွဲ့ဝင်များ၏ ထောင်ထားခဲ့သော မြေမြှုပ်ပိုင်း တက်နင်းမိသဖြင့် နအဖ စစ်သားများ လေးဝေါ်ကျေးရွာသို့ ၀င်ရောက်ပြီး လူနေအိမ် ၁၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရပါတယ်။

နေ့လည် (၁ နာရီ နာရီ ၅ မိနစ်) ကေအန်ယူနှင့် နအဖ စစ်တပ်ကြား ၂၀၁၀ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၁ဝ၈၃ ပွဲ ဖြစ်ပွားခဲ့ပြီး ကေအန်ယူ နယ်မြေဒေသများဖြစ်သည့် တပ်မဟာ ၇ ခု အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ နအဖ စစ်တပ်ဘက်မှ ၆၁၈ ဦး ကျဆုံးခဲ့ကာ ဒဏ်ရာရသူ ၁၃ဝ၄ ဦး၊ အသက်ရှင်လျက် ဖမ်းမိသူ ၁၆ ဦးနှင့် ကေအန်ယူ ဘက်မှ ၉ ဦး ကျဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ပြုစုထားတဲ့ ကေအန်ယူ တိုက်ပွဲနှစ်ချုပ် အစီရင်ခံစာ ထုတ်ပြန်လိုက်ကြောင်း သိရှိရပါတယ်။

နေ့လည် (၁ နာရီ နာရီ ၂ မိနစ်) ဒီကေဘီအေနှင့် ကေအဲန်ယူ တပ်ဖွဲ့ဝင်များ လှုပ်ရှားနေသည့် ဝေါ်လေနှင့် ချူကလီးဒေသတွင် နအဖစစ်တပ် စစ်ကွပ်ကဲရေး ဌာနချုပ်-စကခ(၁၂) လက်အောက်ခံ ဗျူဟာ(၂)၊ တိုင်းတပ်လက်အောက်ခံတပ်ရင်းများ၊ စကခ(၅) ဗျူဟာ(၁)၊ စကခ(၁၉) ဗျူဟာ(၁)နှင့် တပ်မ(၂၂)မှ ဗျူဟာ(၁)နှင့် ယခင်ရှိထားသည့် စကခ(၈) လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားလျှက်ရှိပြီး နအဖ စစ်တပ်များသည် စစ်ရေးလှုပ်ရှားမှုထက် စစ်ရိက္ခာနှင့် လက်နက်ခဲယမ်း၊ မီးကျောက်များ ပိုမို ဖြည့်တင်းလျှက်ရှိပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ရိက္ခာအပြည့် တင်ဆောင်လာသည့် စစ်ကား ၉ စီးနှင့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ညက စစ်ရိက္ခာအပြည့်ပါသည့် စစ်ကား ၁၂စီး ထပ်မံ ရောက်ရှိလာကြောင်း သိရှိရပါတယ်။ (ကိုးကား - ကေအိုင်စီ)

0 comments: