Tuesday, January 4, 2011

မဲဆောက်မြို့ ရှိ UN ရုံးတွင် ဆန္ဒပြမှု ဖြစ်ပွား

ဆုံဆည်းရာ၊ ၄ ရက် ဇန်န၀ါရီလ ၂၀၁၁

ယနေ့မနက်ပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ UNHCR ရုံးအရှေ့တွင် ဆန္ဒပြမှုတခု ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူမှာ ယခင် ဒီကေဘီအေ ၉၉၉ တပ်ရင်းမှ စောသံမဏိ ဆိုသူ ဖြစ်ပြီး မြ၀တီကမ်းဘက်မှ ထိုင်းဘက်ကို ကူးလာပြီး ထိုင်း-မြန်မာနယ်စပ် သောင်ရင်းကမ်းနဘူး ထိုင်းဘက်ခြမ်းရှိ ထိုင်းဆိုင်ကယ်တက္ကစီကို ငှားစီး၍ UNHCR (မဲဆောက်) ရုံးရှေ့တွင် လက်ပစ်ဗုံးနှစ်လုံးအား စနက်တံ ဖြုတ်ကာ လက်တွင်ဆုတ်ကိုင်၍ ဆန္ဒပြခြင်းဖြစ်သည်။

(၁)၂၀၁၀ ရွေးကောက်ပွဲက တရားမမျှတဘူး
(၂) DKBA အား နယ်ခြားစောင့်အတင်းလုပ်ခိုင်းခြင်းအား မကြေနပ်ဘူး
(၃) (BGF)နယ်ခြားစောင့် တပ်ဖွဲ့ ဝင်အဖြစ်အတင်းစုဆောင်းခံရတဲ့ ကိစ္စကို လက်မခံဘူး
(၄)မြန်မာပြည်နိုင်ငံရေးကိစ္စ ကို ယူအမ် ကသေချာရှင်းပေးဖို့  --အစရှိသည်တို့ ဖြစ်ပါသည်။
ထို့ အပြင် ထိုင်းအရာရှိများအား ထိုဆန္ဒပြရဲဘော်မှ ၄င်းအား အရေးယူမည်ဆိုပါက နိုင်ငံတကာ ခုံရုံးတွင် အရေးယူပါရန် လည်းတောင်းဆိုခဲ့သည်။


ဗွီဒီယို - နေ့သစ်

0 comments: