ဆုံဆည်းရာ၊ ၃၁ ရက် ဒီဇင်ဘာလ ၂၀၁၀
သတင်း
နံနက် (၁၀ နာရီ ၁၀ မိနစ်) တိုက်ပွဲတွေဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ ဝေါ်လေဒေသထဲမှာ ဒီကေဘီအေ တပ်ဖွဲ့က နအဖ တပ်သား တဦးကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးရရှိခဲ့ပါတယ်။ နအဖ တပ်သားကို ဖမ်းဆီးမိတဲ့ နေရာက အော့ကလေးထရွာ ပတ်ဝန်းကျင်က မော်သုထတောင်ကျောနေရာမှာ ဖြစ်ပြီး ဒီကေဘီအေ ဗိုလ်မော်ကဲကဲ ဦးစီးတဲ့ တပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ နအဖ တပ်သာရဲ့ ဒီကေဘီကေ တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူး ဆန်းအောင် မှ ခုလို ပြောပြပါ တယ်။ “မနေ့ ညနေပိုင်းက နအဖ တပ်မ ၅၂၅၊ စကခ ၁၉၊ ခလရ ၂၉၉၊ တပ်ခွဲ ၂ ၊ တပ်စု ၂ မှ ကိုယ်ပိုင်အမှတ် တ/ ၄၁၉ ၅၃၂ တပ်သား ဘာဘူ အသက် ၂၃ နှစ်ဟာ သူတို့ တပ်စခန်း တည်ဆောက်ရေးအေတွက် သစ်ဝါးခုတ်နေတုန်း ဒီကေဘီအေ အဖွဲ့မှ ဗိုလ်မော်ကဲကဲ ဦးစီးတဲ့အဖွဲ့က ဖမ်းဆီးခဲ့တာပါ။ သူ့ကို မေးမြန်းကြည့်တော့ ထမင်းမစားရတာ သုံးရက်တောင်ရှိပြီ လို့လဲပြောတယ်။ သူတို့တပ်မှာ စားရေးသောက်ရေးအတွက် ရိက္ခာပြတ်လပ်လာတော့ ခုဆိုရင် ရွာသားတွေရဲ့ တောင်ယာ တွေမှာ သိမ်းထားတဲ့ စပါးတွေလည်း လိုက်ရှာပြီး ထောင်းစားနေရတယ်။ သူ့တပ်ထဲမှာလဲ ဗိုလ်ကျော်အေးဖြိုး နဲ့ ဗိုလ်ရဲလုကျော် ဆိုတဲ့ အရာရှိ နှစ်ယောက်ရဲ့ နာမည်ကိုပဲ သိတယ်”လို့ ပြောဆိုပါတယ်။ (ကိုးကား - နေ့သစ်)
မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၃-၂၀၁၂ - နံနက်ပိုင်း)
-
- ဦးဂမ္ဘီရကို နောက်တကြိမ် ဖမ်းဆီး click
- အရှင်ဂန္ဘီရကို အာဏာပိုင်တွေ ခေါ်ဆောင်သွား (အင်တာဗျူး) click
- ဦးဂန္ဘီရအား အာဏာပိုင်များ ခေါ်ဆောင်သွားကြောင်း သတင်းမျာ...
48 minutes ago
0 comments:
Post a Comment