Tuesday, November 30, 2010

ယနေ့ သတင်း (၃၀ ရက် နိုဝင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၃၀ ရက် နိုဝင်ဘာလ ၂၀၁၀

သတင်း
ည (၁၂ နာရီ) ယနေ့မနက် ၁၀ နာရီကျော်က နအဖ စစ်တပ်များမှ ဗိုလ်မှူးချုပ်ထိန်မောင် ဦးစီးတဲ့ ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့များကို ဝေါလေဒေသ ဖလူးလေးကျေးရွာ ပြောင်းဖူးဂိတ် အနီးတွင် အလစ်ဝင်ရောက် စတင်တိုက်ခဲ့တဲ့အတွက် ဗိုလ်သဲခီး ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့မှ ၁ ဦးသေဆုံးပြီး ၈ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရပါတယ်။

ည (၁၁ နာရီ ၃၀ မိနစ်)
နအဖ နဲ့ ဒီကေဘီအေ တိုက်ပွဲများ တင်းမာမှု အရှိန်အဟုန်မြင့် ဖြစ်ပွားနေပါတယ်။ ယနေ့ မနက်ပိုင်း ၈ နာရီခန့်တွင်လည်း နအဖ ဘက်မှ စကခ ၁၂၊ နည်းဗျူဟာ ၃ လက်အောက်ခံ ခလရ ၆၁၊ ခမရ ၂၃၀ ၊ ခမရ-၅၄၉ တို့နှင့် ဒီကေဘီအေ တပ်ဖွဲ့များ အပြန်အလှန်ပစ်ခဲ့ကြတာပါ။ ထို့အပြင် ဝေါလေဒေသရှိ ဗျူဟာကုန်းတွင် စခန်းထိုင်သော စကခ (၈) လက်အောက်ခံ ခလရ ၉၀၇၊ ၄၀၄၊ ၅၄၉ တပ်ရင်းများနှင့် ကေအန်အယ်အေ တပ်မဟာ ၆ တပ်ရင်းများနှင့်လည်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်းသိရှိရသည်။

(ညနေ ၅ နာရီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ပိုင်းတွင် နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ကော့ကရိတ်အခြေစိုက် နအဖ စကခ(၁၂) လက်အောက်ခံ ခလရ(၂၃၁)တပ်ရင်းနှင့် BGF (၁၀၁၆)တပ်ရင်းတို့ ပူးပေါင်းတပ်ဖွဲ့အား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) ကလိုထူး ဘောဗျူဟာ(၁)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၈)တို့ ပူးပေါင်း၍ ခုဒုံနှင့် အောင်လိုင်ကျေးရွာ ကြားတနေရာတွင် ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ (၃၀)ဦး ကျဆုံးခဲ့ပြီး လက်နက် (၃၀)လက် ဒီကေဘီအေမှ သိမ်းဆည်းရမိသည်ဟု သိရသည်။ ဒီကေဘီအေ တပ်ဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရမှု အနည်းငယ် ရှိခဲ့ပြီး နအဖနှင့် BGF တို့ထံမှ 81၊ 82၊ RPG၊ M1၊ M2 စသည့်လက်နက်များ အပါအ၀င် ကျည်ဆံတချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဗိုလ်မှူးစောဆန်းအောင် က ပြောသည်။ (ကိုးကား - KIC news)

ညနေ (၄ နာရီ ၃၀) ထိုင်း-မြန်မာနယ်စပ်နဲ့နီးတဲ့ ကရင်ပြည်နယ် ဖလူးဒေသမှာ ဒီကေဘီအေ တပ်မဟာ ၅ တပ်တွေ နဲ့ စစ်အစိုးရ တပ်တွေအကြား နှစ်ဖက် တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာ ၃ ရက်မြောက် ရှိသွားပြီလို့ ဒီကေဘီအေ တပ်မှူးတွေက ပြောပါတယ်။
- စစ်အစိုးရ စကခ ၁၂ နဲ့ စကခ ၁၉ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ ၂၃၀ ၊ ခမရ-၅၄၉ ၊ စတဲ့ တပ်ရင်း ၄ ရင်းက အင်အား ၄၀၀ နီးပါးလောက်နဲ့ ဒီကေဘီအေ တပ်တွေနဲ့ နိုဝင်ဘာ ၂၉ ရက် ဒီနေ့ ညနေပိုင်းအထိ ဖလူးဒေသမှာ ဆက်လက် တိုက်ပွဲဖြစ်နေတာလို့ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူးစောကျော်သက်က ပြောပါတယ်။
- ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့တွေကတည်းက မြဝတီမြို့ရဲ့ တောင်ဘက် ၆ မိုင်အကွာခန့်မှာ ရှိတဲ့ ဖလူးလေး၊ ဖလူးကြီးကျေးရွာ အနီးမှာ ဒီကေဘီအေ တပ်မဟာ ၅ နဲ့ စစ်အစိုးရတပ်တွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း ဒီကေဘီအေဖက်က တယောက်ဒဏ်ရာရပြီး စစ်အစိုးရတပ်ဖွဲ့ဖက်က ၂၀ နီးပါး ဒဏ်ရာရ သွားခဲ့တယ်လို့ ဒီကေဘီအေအဖွဲ့က ပြောပါတယ်။
- သုံးရက်အတွင်း နှစ်ဖက် တိုက်ပွဲတွေကြောင့် ဖလူးလေး၊ ဖလူးကြီးနဲ့ မင်းလက်ပံစတဲ့ ကျေးရွာတွေက ရွာသူရွာသား တထောင်နီးပါးလောက်ဟာ သောင်းရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဖက်ခြမ်းကို ထွက်ပြေးလာတဲ့ အတွက် ထိုင်းအာဏာပိုင်တွေက မဲ့ကုတ်ကင်းရွာက ဝှေ့မဟာဟုန် ဘုန်းကြီးကျောင်းမှာ ယာယီဒုက္ခသည် စခန်းဖွင့်ပြီး ကူညီပေးထားခဲ့ပါတယ်။ စစ်အစိုးရဟာ ဗိုလ်မှူးချုပ် စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ဒီကေဘီအေ တပ်တွေကို့ လုံးဝ လက်နက်ချဖို့ကိုသာ ဖိအားပေးနေတယ်လို့ ပြောပါတယ်။ (ကိုးကား - အာအက်အေရ်)

(ကိုးကား - တိုးဒီသွေး)

0 comments: