Monday, November 29, 2010

ယနေ့ သတင်း (၂၉ ရက် နိုဝင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၂၉ ရက် နိုဝင်ဘာလ ၂၀၁၀

သတင်း
ည (၁၁ နာရီ ၃၀) ကရင်ပြည်နယ်၊ ဘုရားသုံးဆူဘက်မှာလည်း နအဖ စစ်တပ်မှ စစ်အင်အား တပ်ရင်း ၅ ရင်းတိုးချထားလိုက်ပြီး ဒီကေဘီအေနဲ့ ကေအန်ယူ တပ်ဖွဲ့တွေကို လိုက်လံတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ ယမန်နေ့ညကလည်း ချောင်းဆုံဒေသမှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဘုရားသုံးဆူနဲ့ ၁၃ မိုင်ဝေးတဲ့ ချောင်းဆုံဒေသ တဲသုံးလုံးဘက်မှာ နအဖ စစ်တပ် တပ်မ ၄၄ လက်အောက်ခံ ခမရ ၄၀၆ နဲ့ ဒီကေဘီအေ ၉၀၆ ဗိုလ်မှူးအေ၀မ်းဦးဆောင်တဲ့ တပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။ နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့ပြီး တဲသုံးလုံးဘက်မှာလည်း ပေါ်တာဆွဲမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ဘုရားသုံးဆူမြို့ထဲမှာလည်း ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

ဗွီဒီယို

ည (၁၁ နာရီ) ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားများ မိသားစုဝင်များတွေ့ဆုံ (ကိုးကား - ဟံသာဝတီ)



ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားများ မိသားစုဝင်များနဲ့ ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ပါတယ်။ ဗဟန်းမြို့နယ် ပဏ္ဍိတာရာမ ဘုန်းကြီးကျောင်း၌ ပြုလုပ်သည့် ဘူးသီးတောင်ထောင်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ မိခင် ကွယ်လွန်သည့် သုံးနှစ်ပြည့် နှစ်လည်ဆွမ်းကျွေး တရားနာပွဲသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ် နိုင်ငံရေးအကျဉ်းသား မိသားစုများနှင့် တွေ့ဆုံခြင်းဖြစ်သည်။

သတင်း
ည (၈ နာရီ) ယနေ့ ညနေပိုင်း ၆ နာရီ ၄၀ တွင် နအဖ စစ်တပ်များနဲ့ ဒီကေဘီအေ တပ်ဖွဲ့ တိုက်ပွဲများ အရှိန်မြင့်စွာ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ညနေပိုင်း တိုက်ပွဲတွင် နအဖ ဘက်မှ ၂ ဦးသေဆုံးပြီး၊ ၂ ဦးဒဏ်ရာ ရခဲ့ကြောင်း သိရှိရသည်။ နေ့လည်ပိုင်းကဖြစ်ခဲ့သော နအဖ စစ်တပ်များနဲ့ ဒီကေဘီအေ တိုက်ပွဲတွင် နအဖ ဘက်မှ ၁ ဦး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

ညနေ (၃ နာရီ)
ဝေါလေဒေသ၊ ဖလူးကျေးရွာအနီး သရက်တပင်ကျေးရွာမှာ နအဖ စကခ ၁၂ လက်အောက်ခံ ခမရ ၂၃၀ တပ်ရင်းနဲ့ ကလိုထူးဘောဗျူဟာ ဗိုလ်မှူးကျော်သက်ဦးဆောင် ဒီကေဘီအေ တပ်များ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ ယခုအချိန်အထိ တိုက်ပွဲများ တဖက်နဲ့တဖက် ပြင်းထန်စွာ ပစ်ခတ်လျှက်ရှိကြောင်း သိရှိရသည်။

နံနက် (၁၁ နာရီ ၃၀)
ယမန်နေ့က ဖြစ်ပေါ်ခဲ့သော နအဖ စကခ ၁၂ လက်အောက်ခံ ခလရ ၆၁ နဲ့ ခမရ ၂၃၀ တပ်ရင်းနဲ့ ဒီကေဘီအေ ကလိုထူးဘောဗျူဟာ ဗိုလ်မှူးကျော်သက်ဦးဆောင်တဲ့ တိုက်ပွဲများကြောင့် နအဖ စစ်သား ၁၇ ယောက်ကျဆုံးပြီး၊ ၂ ယောက်မှာ အပြင်းအထန် ဒဏ်ရာရသောကြောင့် မဲဆောက်ဆေးရုံသို့ ပို့ဆောင် ကုသနေတယ်လို့ သိရှိရသည်။ ဒီကေဘီအေ ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

နံနက် (၁၀) မြန်မာဘက်ခြမ်း မြ၀တီနဲ့ ကီလိုမီတာ ၂၀ အကွာ ဖလူးကျေးရွာဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ထိုင်းနိုင်ငံ ဖတ်ဖရမြို့နယ် မော်လီချိုင်းကျေးရွာနှင့် ကပ်လျှက် မယ့်ကူကေးကျေးရွာသို့ ဒုက္ခသည် ၄၀၀၀ ကျော်ခန့် လာရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။ လောလောဆယ် စစ်ပြေးဒုက္ခသည်များကို မယ့်ကူကေးကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲတွင် ထားရှိကြောင်း သိရှိရသည်။

0 comments: