Saturday, November 13, 2010

ယနေ့သတင်းများ (၁၃ ရက် နိုဝင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ ၁၃ ရက် နိုဝင်ဘာလ ၂၀၁၀

မြန်မာစံတော်ချိန်..... ၆ နာရီ ၃၁ မိနစ် ----------------------------------------------------------------------

ည(၆ နာရီ ၃၁ မိနစ်) ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုအား နှုတ်ဆက်စကားပြောဆိုပြီး နေအိမ်အတွင်းသို့ ပြန်လည် ၀င်ရောက်သွားပြီဖြစ်ကြောင်း သိရှိရသည်

ည(၆ နာရီ ၁၄ မိနစ်) မနက်ဖြန် ၁၂ နာရီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်ဖြစ်ကြောင်း သိရှိရသည်။

ညနေ(၅ နာရီ ၁၀ မိနစ်)
ဒေါ်စုလွတ်ပြီ။ ည ၇ နာရီလောက်မှာ ရွှေဂုံတိုင်ရုံးကို ရောက်မယ်လို့ NLD လူငယ်အဖွဲ့ဝင် ကိုရာဇာက ပြောသည်။ CEC ၃ ယောက်နဲ့ သံတမန်တချို့ ဒေါ်စု ခြံဝင်းထဲသို့ ၀င်သွားကြောင်း ပြောပါတယ်။

ညနေ(၄ နာရီ ၅၀ မိနစ်) ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် လူပေါင်း ၅၀၀၀ လောက်ဖြစ်လာပါတယ်။ အမေစု ချက်ချင်းလွှတ်လို့ လူထုက အော်ဟစ်တောင်းဆိုနေ ပါတယ်။

ညနေ(၄ နာရီ ၁၅ မိနစ်) ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည့် လွှတ်မည်ကို စောင့်ဆိုင်းနေကြတဲ့ သူတွေကတော့ တဖြည်းဖြည်းများလာပါတယ်။ ကမ္ဘာအေးဘုရားလမ်းဘက်မှာ... လှည်းတန်းဖက်ကော လူတွေ ၀င်လာရောဆို ၃၀၀၀ လောက်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျမ်းမာပါစေ။ ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေလို့ ဆုတောင်းကြကြောင်းလည်း သိရပါတယ်။

နေ့လည်(၁ နာရီ ၇ မိနစ်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နဲ့ ရုံးရှေ့ ရွှေဂုံတိုင်လမ်းပေါ်က အန်အယ်ဒီရုံးရှေ့မှာ စောင့်ဆိုင်းနေတဲ့ လူ ၂၀၀၀ ကျော် စောင့်ဆိုင်းနေကြောင်း သိရှိရသည်။ အန်အယ်ဒီပါတီဝင်များနဲ့ ပြည်သူလူထုက စောင့်ဆိုင်းနေသလို စွမ်းအားရှင်နဲ့ နအဖ အာဏာပိုင်တွေကလည်း စောင့်ဆိုင်းနေကြောင်း သိရှိရသည်။

(၉ နာရီ ၂၇ မိနစ်) တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည့်ခြံဝင်းထဲသို့ အဘဦးတင်ဦးနဲ့ ဦးဝင်းတင် ၀င်ရန် စောင့်ဆိုင်းနေကြောင်း သိရှိရသည်။

(၉ နာရီ ၂ မိနစ်) ဒီကေဘီအေ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသည့် နအဖ စစ်တပ် စစ်ဦးစီး တတိယတန်း ဗိုလ်ကြီး သက်နိုင် နှင့် အင်တာဗျူးပါ။

0 comments: