Friday, November 12, 2010

ယနေ့သတင်းများ (၁၂ ရက် နိုဝင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ ၁၂ ရက် နိုဝင်ဘာလ ၂၀၁၀

မြန်မာစံတော်ချိန်.....ည ၈ နာရီ ၂၀ မိနစ် ----------------------------------------------------------------------

ည(၈ နာရီ ၂၀ မိနစ်) မြန်မာစစ်တပ်အာဏာပိုင်တွေက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးဖို့ လက်မှတ်ထိုးပြီးသွားပြီလို့ သတင်းများအရ သိရပါတယ်။ သူမရဲ့ ဗမာပြည်နိုင်ငံရေးသက်တမ်း ၂၁ နှစ်အတွင်း ၁၅ နှစ်တာကာလဟာ ဖမ်းဆီးထိန်းသိမ်းခံနေရတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ရဲ့ နောက်ဆုံးအထိမ်းအသိမ်းခံ သက်တမ်းဟာ မနက်ဖြန်ဆိုရင် ပြန်လွှတ်ရမယ့် ရက်စေ့ပြီဖြစ်ပါတယ်။ သူမရဲ့ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရတဲ့သတင်းအရဆိုရင် သူမပြန်လွတ်လာဖို့ရာ မီးစိမ်းတော့ ပြနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ အောက်မှ ဗွီဒီယိုဖိုင်ပါ တွဲတင်ပေးထားပါတယ်။ (ကိုးကား - EURONEWS)




ည(၈ နာရီ ) ညနေဘက် က ရိုက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်ဒီရုံးရှေ့က အခြေအနေတွေနဲ့ အင်တာဗျူးအချို့ကို ထိုင်းတီဗွီ က ည ၇ နာမှာ ထုတ်လွှင့်သွားတာပါ။

ည(၈ နာရီ ) ယနေ့ ဘုရားသုံးဆူဒေသအခြေအနေကို ထိုင်းရုပ်သံ ၃ က ည ၇ နာရီက ထုတ်လွှင့်သွားတဲ့ သတင်းပါ။


ညနေ(၅ နာရီ ၃၀ မိနစ်) နိုင်ငံတကာရောက် မကဒတ ရဲဘော်ဟောင်းများနှင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများအား လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး မကဒတရဲ့ အမြင် တင်ပြချက် စာတစောင် ထွက်ရှိလာပါတယ်။

“ကျောင်းသားတပ်မတော် အနေဖြင့် မွန်၊ ရှမ်း၊ ကချင်၊ ကရင်နီ၊ ၀ စသဖြင့် မိမိတို့နဲ့ ထိစပ်နေသည့် အဖွဲ့များအား နယ်မြေအလိုက် စစ်ရေးအရ ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်နိုင်ရေး၊ တဖက်နဲ့ တဖက် အပြန်အလှန် ပံ့ပိုးနိုင်ရေးကိုလည်း တင်ပြထားကြောင်းနှင့် ဗိုလ်မှူးချုပ် စောလားဘွယ် တရားဝင်ပြောဆိုခဲ့သော အချက် (၂) ဖြစ်သည့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်း၊ စောဘဦးကြီးမူ (၄) ချက်ကို အပြည့်အ၀ ထောက်ခံသလို ပူးပေါင်းဆောင်ရွက် အသင့်ဖြစ်ကြောင်း ပြင်ဆင်မှုများလည်း လက်တွေ့လုပ်ပြီးဖြစ်ကြောင်း....” ရေးထားသားပါတယ်။ ထို မကဒတရဲ့ အမြင် တင်ပြချက် စာကို ဖတ်ရှုမယ်ဆိုရင် Link အတိုင်း နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။ တိုက်ရိုက်လင့်ကတော့ http://www.scribd.com/doc/42154312/Letter-to-Former-Comrades-Abroad

နေ့လည်(၂ နာရီ ၄၀ မိနစ်) ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွှတ်မြောက်ပြီး သံတမန်များနဲ့ တွေ့ဆုံနေကြောင်း သိရှိရသည်။

နေ့လည်(၂ နာရီ ၃၀ မိနစ်) ယမန်နေ့က နအဖ စစ်တပ် ခလ၇ ၃၆၁ မှ စစ်ကားတဦးကို ရှမ်းပြည်လွှတ်မြောက်ရေး တပ်မတော်က ချုံခိုက်တိုက်ခိုက်ရာ စစ်သားအားလုံး ကျဆုံးသွားကြောင်းသိရှိရသည်။ ခလ၇ ၃၆၁ မှ တပ်ရင်းမှူး ဗိုလ်မှူး အပါအ၀င် တပ်ကြပ်တဦးကိုလည်း အသေဖမ်းဆီးရမိပါသည်။ ဂျီသရီးရိုင်ဖယ်တလက်၊ ကာဘိုင်တလက်နဲ့ ၉ မမ ပစ္စတို တလက်အပြင် ကြေးနန်းဆက်သွယ်ရေးတခုကို သိမ်းပိုက် ရရှိခဲ့ကြောင်း သိရှိရသည်။ ရှမ်းပြည်တပ်မတော်က အကျအဆုံးမရှိကြောင်းလည်း သိရသည်။ (ကိုးကား - Tai Freedom)

နေ့လည်(၁ နာရီ ၁၄ မိနစ်) ယနေ့နေ့လည်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်အား လွတ်ပေးရန် လက်မှတ်ရေးထိုးခိုင်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ မကြာခင် ရုံးတက်မည်ဖြစ်ကြောင်း... (လောလောဆယ်တော့ ဒေါ်စုကို လွတ်ပေးမှု မရှိသေးကြောင်းကို ဦးဝင်းတင်မှ ပြောဆိုသည်။) ညနေလေးနာရီတွင် ဒေါ်စုအား လွှတ်ပေးမည်ဟု ထိုင်းတီဗွီတခုမှ သတင်းကြေညာသွားသည်။

နံနက်(၁၁ နာရီ ၂၅မိနစ်) ထိုင်းနိုင်ငံ ဖုတ်ဖရတ်မြို့နယ်တဖက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထိခိုက်ဒါဏ်ရသော ရွာသူရွာသားများကို ဆေးရုံပို့ဆောင်ထားရကြောင်း ထိုင်းသတင်းဌာန ၉ လိုင်းမှ ထုတ်လွှင့်သွားခဲ့သည်။ လတ်တလော တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေကြောင်းလည်း သိရှိရပါတယ်။ နအဖ စစ်တပ်မှ ဝေါလေဘက်ရှိ ထောင်ထားတဲ့ မိုင်းတွင်းကို ရှင်းပေးဖို့ ဒီကေဘီအေမှ ဗိုလ်စောလားဘွယ်ကို တောင်းဆိုထားကြောင်း သိရှိရသည်။

နံနက်(၉ နာရီ ၄၅မိနစ်) ယခုအချိန်အထိ ဘုရားသုံးဆူဒေသတွင် နအဖ စစ်တပ် စကခ ၈ တပ်မက တပ်ရင်း ခမရ ၄၅၀ စစ်ကူနဲ့ ဒီကေဘီအေတို့ ရွာသစ်ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ကြို့ကြို့ကြားကြား ဆက်လက် ဖြစ်ပွားနေတယ်လို့ သိရှိရသည်။ လောလောဆယ် ဒီကေဘီအေက မယ်ကစ ဘက်မှာ အခြေချထားကြောင်း သိရှိရသည်။

နံနက်(၈ နာရီ ၂၅ မိနစ်) နအဖ စစ်တပ်များကို တိုက်စစ်ဆင်ဖို့ အင်းအားကြီး လက်နက်ကိုင် ၆ ဖွဲ့မှ တပ်ပေါင်းစု ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ လွတ်လပ်တဲ့ ကချင်တပ်မတော်(KIA)၊ ကရင်နီတပ် (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းတပ်မတော်-မြောက်ပိုင်း (SSA-N) တို့မှ နအဖ စစ်အစိုးရအား တိုက်စစ်ဆင်ဖို့ အင်သား သုံးသောင်းကျော်ဖြင့် ထိုးစစ်ဆင်တိုက်ပွဲဝင်မည်။ (ကိုးကား - AFP)

နံနက်(၇ နာရီ ၅၀ မိနစ်) ယမန်နေ့ညနေ ၅ နာရီလောက်က ရှမ်းပြည်မြောက်ပိုင်းတပ်မတော် တပ်မဟာ၁ အဖွဲ့နဲ့ နအဖ တပ်မ ၃၃ လက်အောက်ခံ တပ်ရင်း ၂၄ တို့ တဖက်နဲ့ တိုက်ပွဲများပွားခဲ့ပါတယ်။ တိုက်ပွဲက ကြို့ကြားကြို့ကြား ဖြစ်တာမဟုတ်ပဲ တဖက်နဲ့တဖက် အင်အား ၇၀၊ ၈၀ လောက်နဲ့ အပြင်းအထန်နေတုန်းလို့ ဆိုပါတယ်။ SSA မြောက်ပိုင်း ရှမ်းပြည်တပ်မတော် အင်အား ၃၀၀၀ ကျော်ခန့်ရှိတယ်လို့ သိရှိရသည်။(ကိုးကား - ဗွီအိုအေ)

နံနက်(၇ နာရီ ၄၀ မိနစ်) ဘုရားသုံးဆူဒေသတွင် တိုက်ပွဲဖြစ် ကြို့ကြားကြို့ကြား ဆက်လက် ဖြစ်ပွားနေကြောင်း သိရှိရသည်။

နံနက်(၇ နာရီ ၃၅ မိနစ်) ဒီကေဘီအေမှ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလဲခဲ့သည့် ဒီကေဘီအေ တပ်ဖွဲ့များ နယ်ခြားစောင့်တပ်ဖွဲ့တံဆိပ်များ ဖြုတ်ပြီး ဒီကေဘီအေ အသွင်ပြန်ပြောင်းလဲခဲ့ကြောင်း သိရှိရသည်။

0 comments: