
ပြည်တွင်းရှိ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းစွမ်းဆောင်သူများမှ နောက်ဆုံးဆန်ကာတင် ၅ ဦးအနက် ဆန္ဒမဲအများဆုံး ရရှိသူတဦးကို ရွေးချယ်ကြသည့် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြု အစီအစဉ်ကို ယနေ့ ဧပြီ ၂၄ ညနေက ကျင်းပပြီး ကြေညာကြရာတွင် ရုပ်ရှင်သရုပ်ဆောင် နှင့် နာရေးကူညီမှုအသင်း၏ ဦးဆောင်သူ - ကိုကျော်သူ ကို ဆန္ဒမဲအများဆုံးဖြင့် ရွေးချယ်လိုက်သည်။
ကိုကျော်သူနှင့်အတူ ဆရာတော်ဦးဉာဏိသရ၊ ဦးအေးမြင့်၊ မဖြူဖြူသင်းနှင့် ကိုဇာဂနာတို့ကို နောက်ဆုံးဆန်ကာတင်အဖြစ် ရွေးချယ်ကြရာ အားလုံးကို ဖြစ်မြောက်ရေးကော်မီတီနှင့် ၀ိုင်းဝန်းကြသူ မိတ်ဆွေများအားလုံးက ဂုဏ်ပြုမှတ်တမ်းလွှာများလည်း ပေးအပ်သည်။ ထိုမှတ်တမ်းလွှာများကို သူတို့အားလုံးကိုယ်စား မိတ်ဆွေများက ခေတ္တထိန်းသိမ်းထားကြမည်ဟု ဆိုသည်။
Sunday, April 25, 2010
ပြည်သူ့ဂုဏ်ရည် ပထမအကြိမ် ဂုဏ်ပြုအခမ်းအနားက ကိုကျော်သူကို ဆန္ဒပြုသူအများဆုံးဖြင့် ဂုဏ်ပြုပြီ မိုးမခအထောက်တော် ၀၀၁ ဧပြီ ၂၄၊ ၂၀၁၀
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment