သုအိုင်စံ
၁၈/၀၉/၂၀၀၉
နင်းမိုင်းထောင်တဲ့ရဲဘော် ဂေါက်သွားပြီဟေ့
ဒီစစ်မြေပြင်ကို မီးရှို့ ပစ်လိုက်ရတော့မလား
ဒီဗျူဟာမှားတယ်ဆိုရင် ဘယ်ဗျူဟာကမှန်လဲ
ဝေဟင်ထောက်လှန်းရေးက ကြားဖြတ်စက် ရပ်သွားပြီ
မြေပြင်ထောက်လှန်းရေးက ခါးက အဆက်ပြတ်သွားပြီ
စစ်ကြောင်းဟာရေနဲ့ ဝေးနေတယ်
ကင်းရှည်ထုတ်ထားတဲ့ တပ်စိတ် စက်မပေါ်တော့ဘူး
ကင်းချထားတဲ့ ရဲဘော်တွေအိပ်ပျော်နေတယ်
စစ်ကြောင်းဟာ ရန်သူ့ နယ်မြေထဲမှာ မီးမသုံးရတဲ့ညနက်နက်ထဲ
မင်းမှာ ကျည်ဘယ်လောက်ကျန်သေးလဲ ဟေ့ကောင်
ငါ့ခြေထောက်တွေ သဲဝဲစားနေပြီကွာ
လမ်းခွမှာ လမ်းမှားမပြဖို့ ဆိုတာ စစ်ကြောင်းရဲ့ ရဲဘော်တိုင်းရဲ့ သစ္စာ
လမ်းခွမှာ လမ်းမှားပြဖို့ ဆိုတာ စစ်ကြောင်းရဲ့ နောက်ဆုံးရဲဘော်ရဲ့ သစ္စာ
သစ္စာဆိုတာ
သေရင်တောင် မရရအောင် ထမ်းထုတ်ခဲ့ရမဲ့ အလောင်း
စုတ်ပြတ်သတ်နေရင်တောင် လွှင့်ထူတားရမဲ့ အလံတော်
တော်လှန်ရေးကွာ
သမိုင်းတွေ တ၀ုန်းဝုန်းတွန်းတိုက်ပြိုဆင်းဖြစ်တည်သလို ယုံကြည်ထားလိုက်
ယုံ-ကြည်-ထား-လိုက်။။။
သုအိုင်စံ
Saturday, September 19, 2009
သစ္စာစားသူများ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment