Friday, August 14, 2009

Security Council Statement On Myanmar


မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးအမြန်ဆုံးပြန်လွတ်ပေးဖို့ စစ်အာဏာရှင်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှိကြောင်းတရားရုံးကစီရင်ချက် ချမှတ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့နိုင်ငံရေးသက်ရောက်မူတွေကို ခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှ အလေးအနက် စိုးရိမ်ကြောင်းကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။လုံခြုံရေးကောင်စီအဖွဲ့ဝင်၁၅ နိင်ငံကတညီတညွတ်ထဲထောက်ခံတဲ့ဒီကြေငြာချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးပါတီ လူမျိုးစုအဖွဲ့အစည်းတွေနဲ့အတူ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ဖို့ စစ်အာဏာရှင်ကို တိုက်တွန်းထားပါတယ်။ ဒီကြေငြာချက်ကိုလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌ ဗြိတိသျှသံအမတ် Jhon Sawers ကသတင်းထောက်တွေကိုဖတ်ပြခဲ့ပါတယ်။

0 comments: