မဇ္ဈိမသတင်းဌာန
စနေနေ့၊ သြဂုတ်လ 15 ရက် 2009 ခုနှစ် 20 နာရီ 18 မိနစ်
နယူးဒေလီ။ ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ယခုနှစ် မေလဆန်းတွင် တိတ်တဆိတ် ဝင်ရောက်ခဲ့သဖြင့် ပြီးခဲ့သည့် အင်္ဂါနေ့က ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသူ မစ္စတာ ဂျွန်ယက်တောအား လူသားချင်း စာနာသည့် အနေဖြင့် မနက်ဖြန်တွင် အမေရိကန်နိုင်ငံသို့ ပြန်ပို့တော့မည် ဖြစ်သည်။သူ၏ ကျန်းမာရေး အခြေအနေအရ မြန်မာနိုင်ငံတွင် ထောင်ဒဏ် ၇ နှစ် ကျခံရမည့်အစား အမေရိကန်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးရန် အာဏာပိုင်များက အမိန့်ထုတ်ပြန်ခဲ့ကြောင်း တပ်တွင်း သတင်းရပ်ကွက်များ အဆိုအရ သိရခြင်း ဖြစ်သည်။
''ကျန်းမာရေး အခြေအနေအရ စဉ်းစားပြီး လူသားချင်း စာနာတဲ့ အနေနဲ့ မစ္စတာယက်တောကို နေရပ်ရင်း နိုင်ငံဆီ ပြန်ပို့ဖို့သဘောတူခဲ့တယ်'' ဟု သတင်းရပ်ကွက်က ဆိုသည်။ သူ့ကို မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် ဆီနိတ်တာအမတ် မစ္စတာဝက်ဘ်နှင့် ပြန်လည် လွှဲပြောင်းပေးမည် ဖြစ်သည်။မစ္စတာဝက်ဘ်၏ ခရီးစဉ် မတိုင်ခင်ကတည်းက အာဏာပိုင်များ အနေဖြင့်လွှဲပြောင်းပေးရန် ဆုံးဖြတ်ပြီး ဖြစ်သော်လည်း မစ္စတာဝက်ဘ်နှင့် မြန်မာအာဏာပိုင်များ တွေ့ဆုံမှုအတွင်း ထိုကဲ့သို့ သဘောတူဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။တားမြစ်ဧရိယာအတွင်း ရေကူးခဲ့မှုနှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေများအရ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မစ္စတာ ယက်တောအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံရန် တရားရုံးက ပြီးခဲ့သည့် အင်္ဂါနေ့တွင် စီရင်ချက်ချခဲ့သည်။မစ္စတာယက်တောနှင့် အမှုတွဲတူ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမနှင့်အတူနေသူ ပါတီဝင် နှစ်ဦးကိုလည်း နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် တရားရုံးက အလုပ်နှင့် ထောင်ဒဏ်၃နှစ်ချမှတ်ခဲ့သည်။သို့သော်လည်း အဆိုပါ ထောင်ဒဏ်အား ထက်ဝက်လျှော့ချကာ နေအိမ်တွင် ထိန်းသိမ်းထားရန်အတွက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အထူးညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
Saturday, August 15, 2009
ဂျွန်ယက်တောကို မနက်ဖြန် ပြန်ပို့မည်
Posted by
soneseayar
at
10:24 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment