မဇ္ဈိမ၊ ဒီဇင်ဘာလ ၂ ရက် ၂၀၀၈
ချင်းမိုင်။ ။ ရွေးကောက်ပွဲတွင် မဲလိမ်ခဲ့မှုကို စစ်ဆေး တွေ့ရှိပြီးနောက် ထိုင်းအာဏာရ ပါတီကြီး အပါအ၀င် နိုင်ငံရေးပါတီ သုံးခုကို ဖျက်သိမ်းလိုက်ပြီး ပါတီအကြီးအကဲများကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ကန့်သတ်လိုက်ကြောင်း အခြေခံဥပဒေဆိုင်ရာ တရားရုံးက အင်္ဂါနေ့က ဆုံးဖြတ်လိုက်သည်။
ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် ပါတီများဖြစ်သော ပြည်သူ့စွမ်းအားပါတီ၊ မတ်ချဏိမားထိပတိုင်းပါတီနှင့် ချတ်ထိုင်းပါတီတို့ကို ဖျက်သိမ်းလိုက်ပြီး ပါတီ အကြီးအကဲများ ဖြစ်ကြသော ပြည်သူ့စွမ်းအားမှ Yongyuth Tiyapairat၊ ချတ်ထိုင်းမှ Monthien Songpracha နှင့် မတ်ချဏိမားထိပတိုင်း မှ Sunthorn Wilawan တို့ကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ငါးနှစ် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
အဖွဲ့ဝင် ကိုးဦးပါဝင်သော တရားစီရင်ရေးအဖွဲ့က ပြည်သူ့စွမ်းအားနှင့် မတ်ချဏိမားထိပတိုင်း ပါတီတို့အပေါ်တွင် ကန့်ကွက်မဲမရှိ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပြီး ချတ်ထိုင်းအရေးတွင်မူ ရှစ်မဲ-တမဲဖြင့် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
Tuesday, December 2, 2008
အာဏာရပါတီကို ဖျက်သိမ်းကြောင်း ထိုင်းအခြေခံဥပဒေဆိုင်ရာ တရားရုံးတော်က ဆုံးဖြတ်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment