Tuesday, September 23, 2008

အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်အချို့လည်း ထောင်မှလွတ်

ခေတ်ပြိုင်၊ ၂၃ စက်တင်ဘာ ၂၀၀၈

ယနေ့ ထောင်မှပြန်လွှတ်ပေးလိုက်သည့် အကျဉ်းသား (၉,၀၀၀) ကျော်ထဲတွင် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စား လှယ်များဖြစ်သည့် ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာမေ၀င်းမြင့်၊ ဦးခင်မောင်ဆွေနှင့် ဦးအောင်စိုးမြင့်တို့လည်း ပါဝင်သည်။

ဦးခင်မောင်ဆွေသည် ၁၉၉၄ ခုတွင် မြင်းခြံထောင်တွင် ထောင်ဒဏ် (၇) နှစ် ချမှတ်ခြင်းခံရပြီး၂၀၀၁ ခု အောက်တို ဘာတွင် ပြန်လွတ်ရမည့်သူဖြစ်သည်။ ဒေါက်တာမေ၀င်းမြင့်သည် ၁၉၉၇ ခုတွင် အင်းစိန်ထောင်၌ ထောင်ဒဏ် (၇) နှစ် ချမှတ်ခြင်းခံရပြီး ၂၀၀၄ ခု ဒီဇင်ဘာတွင် ပြန်လွတ်ရမည့်သူဖြစ်သည်။

ဒေါက်တာသန်းငြိမ်းသည် အကျယ်ချုပ်ခံနေရသည့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ ယောက်ဖတော်သူဖြစ်သည်။ ၁၉၉၇ ခုတွင် အဖမ်းခံရပြီး အင်းစိန်ထောင်၌ ထောင်ဒဏ် (၇) နှစ် ချမှတ်ခြင်းခံရသည်။ ဆက်တိုးသည့် ပြစ်ဒဏ်များအရ ၂၀၁၄ ခုတွင်မှ လွတ်ရမည့်သူဖြစ်သည်။

ဦးအောင်စိုးမြင့်မှာ တောင်ငူ မဲဆန္ဒနယ်အမှတ် (၁) မှဖြစ်ပြီး ၂၀၀၃ ခုတွင် အင်းစိန်ထောင်၌ ထောင်ဒဏ် (၇) နှစ် ချမှတ် ခံရသည်။၂၀၁၀ ပြည့်နှစ်တွင်မှ ပြန်လွတ်ရမည့်သူ ဖြစ်သည်။

0 comments: