မဇ္ဈိမ၊ စက်တင်ဘာလ ၂၆ ရက် ၂၀၀၈
ရန်ကုန်မြို့ ဗန္ဓုလပန်းခြံတွင် ယမန်နေ့က ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုကြောင့် လူ ၇ ဦး ဒဏ်ရာ ရရှိသွားသော်လည်း စိုးရိမ်ရသည့် အခြေအနေ မဟုတ်ဟု စစ်အစိုးရက သတင်းထုတ်ပြန်သည်။
မြို့တော်ခန်းမနှင့် မျက်နှာချင်းဆိုင်ဖက်ခြမ်းရှိ အမှတ် ၄၅ ဘတ်စ်ကားမှတ်တိုင် နောက် ဘက်ရှိ ခြံစည်းရိုးထောင့် အမှိုက်ပုံ အနီးမှ ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု ယနေ့ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။
ပေါက်ကွဲမှု ဖြစ်ပွားရာနေရာမှ ၁၀ ပေခန့်အကွာ ကားမှတ်တိုင်ထိုင်ခုံပေါ်တွင် ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသော ချိန်ကိုက်မိုင်း တပ်ဆင်ထားသော ကက်ဆက်တလုံးကိုလည်း ထပ်မံတွေ့ရှိ သိမ်းဆည်းနိုင်ခဲ့သည်ဟုလည်း သတင်းစာက ရေးသားထားသည်။
Friday, September 26, 2008
ဗန္ဓုလပန်းခြံ ဗုံး လူ ၇ ဦးဒဏ်ရာရဟု အစိုးရပြော
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment