ရေးသားသူ - ရဲသွေး
ပြက္ခဒိန်တွေကိုပဲ ငေးငေးနေတတ်တာ
ပြစ်တင်မစောလိုက်ပါနဲ့ ညီမလေးရေ…။
အမှောင်ထုကို ဖြတ်သန်းဘူးမှ
အလင်းရဲ့တန်ဘိုးကိုသိရမယ်။
ပဋိပက္ခတွေကို ရင်ဆိုင်ဘူးမှ
ငြိမ်းချမ်းခြင်းကို ခံစားနိုင်မယ်။
အနှောင်အဖွဲ့ကြားမှာ ရှင်သန်ဘူးမှ
လွတ်လပ်ခြင်းကို နားလည်နိုင်လိမ့်မယ် မဟုတ်လား။
အခုတော့…
သံတိုင်တွေကြားကပဲ
ပြက္ခဒိန်တွေကိုငေးမော
အနာဂတ်အတွက်တွေးတောလို့
ရင်မောစွာငံ့လင့်နေတတ်ပြီလေ။
27.10.07
မြန်မာ့ရေးရာ သတင်းပဒေသာ (၁၈-၅-၂၀၁၃ - ညပိုင်း)
-
- မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ မရှိသေးချိန် နိုင်ငံခြားသားများမှ
ရင်းနှီးမြှုပ်နှံမှု မပြုသင့် ECDF ပြော click
- အစိုးရက တနိုင်ငံလုံး အပစ်ရပ်ကြောင်း...
1 hour ago

0 comments:
Post a Comment