မဇ္ဈိမ-မျိုးကြီး၊ စက်တင်ဘာလ ၁၅ ရက် ၂၀၀၈
ရွှေလီ။ ။ မြစ်ကြီးနားမြို့တွင် အရှိန်ပြင်းစွာ မောင်းနှင်လာသော စစ်ကားက မော်တော်ဆိုင်ကယ်ကို တိုက်မိသဖြင့် ဆိုင်ကယ်ပေါ်ပါ အမျိုးသမီးနှစ်ဦးလုံး သေဆုံးသွားခဲ့မှု စက်တင်ဘာလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည်။
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် တက္ကသိုလ် လမ်းမပေါ်တွင် ထိုနေ့ညနေ ၄ နာရီခန့်က မြေသြဇာအိတ်များ တင်ဆောင်လာသော စစ်ထရပ်ကားက တိုက်သွားခြင်း ဖြစ်သည်။
“သူတို့ (သေဆုံးသူ အမျိုးသမီးတွေ) က အထည်အလိပ်တွေ ဝယ်ပြီး မြို့ထဲကနေအလာ စစ်ထရပ်ကားက တံတားကနေ အဆင်းမှာ တိုက်ကြတာ” ဟု ဒေသခံတဦးက မဇ္ဈိမသို့ ပြောပြသည်။
မြစ်ကြီးနား ရဲစခန်းက ယဉ်တိုက်မှု ဖြစ်ပွားသော စစ်ကားမှာ ထောက်ပံ့ ပို့ဆောင်ရေး တပ်မှ ဖြစ်ကြောင်းနှင့် အမှုဖွင့်ထားကြောင်း ပြောပြသည်။
အခင်းဖြစ်ပွားရာ နေရာတွင် တာဝန်ရှိသူများက စစ်ဆေးမှု ကြန့်ကြာနေသည် ဆိုကာ ဒေသခံများက စွပ်စွဲ ပြောဆိုနေကြသည်။
Monday, September 15, 2008
အရှိန်ပြင်း မောင်းနှင်လာသော စစ်ကားတိုက်၍ အမျိုးသမီးနှစ်ဦး သေဆုံး
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment