Tuesday, September 9, 2008

ဂျပန်နိုင်ငံ တိုကျိုတွင် အစာငတ်ခံဆန္ဒပြ


ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် အသက် အန္တာရယ်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးမှ အမြန်ဆုံး ဆောင်ရွက်ပေးရန်နှင့် မြန်မာပြည် ဒီမိုကရေစီစနစ် ပေါ်ထွန်းလာစေရေး အတွက် ကုလသမဂ္ဂမှ တိကျပြတ်သားစွာ ကိုယ်တွယ် ပေးရေး အတွက် ရည်ရွယ်ပြီး ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှ ဦးဆောင်၍ အစာငတ်ခံ ဆန္ဒပြခြင်းကို တိုကျိုရှိ ကုလသမဂ္ဂ ရုံးရှေ့တွင် ယနေ့(စက်တင်ဘာ ၈ ရက် တနင်္လာနေ့)ညနေ ၆ နာရီမှ စတင် ပြုလုပ်နေလျက်ကြောင်း သိရှိရသည်။

0 comments: