Monday, July 7, 2008

(၄၆) နှစ်မြောက် (၇ ) ဇူလိုင် အရေးတော်ပုံနေ့ ထုတ်ပြန်ကြေညာချက်


တိုက်ပွဲဝင် ကျောင်းသားထု၏ (၇) ဇူလိုင် အရေးတော်ပုံကြီး (၄၆) နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သလို မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်သည်လည်း တိုင်းပြည်ကို သက်ဆိုးရှည် အုပ်ချုပ်ခဲ့သည်မှာ ( ၄၆ ) နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။

စစ်အာဏာရှင်စနစ် သက်ဆိုးရှည် အုပ်ချုပ်ခဲ့သည်နှင့်အမျှ အဖိနှိပ်ခံ ပြည်သူလူထုကြီး၏ ဘ၀သည် စုတ်ပြတ်နုံချာကာ တိုင်းပြည်၏ အမျိုးသား ဂုဏ်သိက္ခာသည်လည်း ကျဆင်းလျက်ရှိသည်။

ဗိုလ်နေ၀င်း စစ်အုပ်စုမှ ယနေ့ ဗိုလ်သန်းရွှေ စစ်အုပ်စုအထိ တိုင်းပြည်၏ အာဏာ အရပ်ရပ်အား အဓမ္မ သိမ်းပိုက် အုပ်ချုပ်ခဲ့သည် ဖြစ်သလို ယခုအချိန့်လည်း အနာဂတ် မြန်မာနိုင်ငံတော်ကို စစ်အာဏာရှင်စနစ် ဖြင့် တရားဝင် အုပ်ချုပ်နိုင်စေရန် အခြေခံ ဥပဒေအား တဘက်သတ် အဓမ္မရေးဆွဲ အတည်ပြု ပြဌာန်းခဲ့ပြီ ဖြစ်သည်။

ဤအချက်ကပင် လက်ရှိအာဏာသိမ်း စစ်အစိုးရ ဗိုလ်သန်းရွှေ စစ်အုပ်စုသည် ဒီမိုကရေစီရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အစရှိသည့် အမျိုးသား အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက် ရေးတို့ကို လုံးဝလျစ်လျူရှု ပစ်ပယ်လိုက်ပြီဖြစ်ကြောင်းကို ပြဆိုနေပေသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ မေလ အတွင်းက တိုက်ခတ်ခဲ့သော အင်အားကြီးမားလွန်းလှသည့် နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသော မြစ်ဝကျွှန်းပေါ်ဒေသရှိ ပြည်သူလူထုအပေါ် ပြုမူဆောင်ရွက်ခဲ့မှုများမှာ ကမ္ဘာပေါ်တွင် အရက်စက်ဆုံး စစ်အာဏာရှင်စနစ်ဖြစ်ကြောင်း အခိုင်အမာ ဖေါ်ပြနေသည်။

ဤအခြေအနေအောက်တွင် မိမိတို့ဒီမိုကရေစီတိုက်ပွဲဝင် ကျောင်းသားပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်အား စနစ်တကျပြင်ဆင်မှုရှိရှိဖြင့် လက်တွေ့တိုက်ပွဲဝင်သွားရေးမှတပါးအခြား ရွေးချယ်စရာလမ်းမရှိတော့ပေ။ ဤသည်မှာ လက်ရှိမျက်မှောက် နိုင်ငံရေးပြဌာန်းချက်ပင်ဖြစ်သည်။

- (၇) ရက် ဇူလိုင် အရေးတော်ပုံ စိတ်ဓါတ်ကို အခိုင်အမာ ကိုင်စွဲချီတက်ကြ။
- ဒီမိုကရေစီရေး တိုက်ပွဲ မုချ အောင်ရမည်။
- စစ်အာဏာရှင် စနစ် ကျဆုံးရမည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ)
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်)
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ

ရက်စွဲ၊ ၊၂၀၀၈ - ခုနှစ်။ ဇူလိုင်လ( ၇ ) ရက်နေ့။

ပိုမိုသိရှိလိုပါက
ကိုသံခဲ - ၀၈၆ ၁၆၂ ၃၅၈၂ ။
ကိုအောင်မိုးဇော် - ၀၈၄ ၄၉၀ ၈၂၃၇ ။
ကိုမင်းနိုင် - ၀၈၁ ၆၈၀ ၂၀၁၅

0 comments: