(စက်တင်ဘာမိုး)
နေ နေရတဲ့ ဘ၀ကိုက သန်းခေါင်းယံညဥ့်နက်ထဲ
ငှက်ဆိုးက ၀ဲ၊ နွားရိုင်းက ဝှေ့၊
ကြံ့မိုက်က စောင်၊ ဖွတ်ကောင်က အိပ်ပေါ်တက်
ဒီထက် မှောင်မဲတဲ့ဘဝ
တွေ့ရလိမ့်မယ်လို့ အိပ်မက်ထဲတောင် မမက်ဘူးခဲ့ ....
ခုတော့ကြည့်စမ်း ...........
သတင်းမကြား အနံ့မရ
ဘယ်သူမှ ဘာမှမပြော
တဝေါဝေါ တသောသောနဲ့ ၀င်ရောက်လာလိုက်တာ
နေစရာအိမ် တိမ်တိုက်အထိ လွင့်ပါသွား
စားစရာ ၀တ်စရာများ
မညှာတာတဲ့ ရေရန်သူနဲ့ မျောလို့သွား
ကိုယ့်အသက်ကိုတောင်
ဘယ်ချောင်ဂလောင်ထဲ ထည့်ထားရမှန်းမသိ
လုံခြုံမှုရှိတဲ့နေရာ ဘယ်မှာသွားရှာရပါလိမ့် ။
အဖေကယ်ပါ အမေကယ်ပါ အော်ခေါ်ကြည့်လိုက်တော့
အဖေရော အမေရော ဘယ်တောအထိမျောသွားမှန်းမသိ
သားနဲ့သမီး၊ လင်နဲ့မယား၊ မိသားစုများအားလုံး
အားလုံး အားလုံး ပြီးတော့ အားလုံး ..........
အတုံးအရုံးတွေ ဖြစ်ကြပါရောလား ။
ရက်စက်တဲ့ မုန်တိုင်း
ရိုင်းစိုင်းတဲ့ နာဂစ်(စ်)
ဘယ်အတိတ်က အဖြစ်ဆိုးတွေကြောင့်
ပြင်းထန်တဲ့ ရန်ငြိုးတွေ ထားခဲ့တာလဲ .........
သူသာအမိ သူသာအဖ
တဖွဖွပြောခဲ့တဲ့ နွားရိုင်းတစ်စု
ဘယ်နားမှာ သွားမှုနေတာလဲ ဟင် ........
သွေးမတော် သားမစပ်
ဟို အဝေးရပ်က ကူညီသူတွေကိုလည်း
ပါးစပ်ဟကာ သွားဖြဲပြ
နွားဘ၀ဟာ နွားးပါပဲ
နွားအသိဟာ နွားပါပဲ
နွားစိတ်ဓာတ်ဟာ နွားပါပဲ
ကဲ ..... အရပ်ကတို့ ကမ္ဘာတို့ရေ ..............
ကျုပ်တို့ဘ၀ ကျုပ်တို့ဓန ကျုပ်တို့ရသတွေဟာ
မေတူးညက သန်းခေါင်ယံမှာ
ဗြောင်းဆန်ခဲ့ကြကုန်ပြီ လေ ..........
(ကံဆိုး မိုးမှောင်ကျခဲ့တဲ့ အမိမြန်မာပြည်သူတွေအတွက်)
Saturday, May 10, 2008
မေတူး(May 2)ညရဲ့ ဓားစာခံများ (သို့မဟုတ်) သန်းခေါင်ထက် ညဥ့်နက်သူများ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment